Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #174 Translated in Burmese

فَنَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို လူ(တ်)နှင့်တကွ ၎င်း၏အိမ်သူအိမ်သား တပည့်သားအားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
إِلَّا عَجُوزًا فِي الْغَابِرِينَ
သို့ရာတွင် အမယ်အိုတစ်ဦးမှာမူကား နောက်၌ကျန်ရစ်ခဲ့သူတို့တွင် ကျန်ရစ်ခဲ့လေ၏။
ثُمَّ دَمَّرْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် ကျန်လူအားလုံးတို့ကို ဖျက်ဆီးတော်မူခဲ့၏။
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَسَاءَ مَطَرُ الْمُنْذَرِينَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုး(ခဲမိုး)ကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်းခံကြရသူတို့ (အပေါ်၌ရွာသွန်းခဲ့သော)မိုးမှာ အဘယ်မျှ ဆိုးရွားလှဘိသနည်း။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်စင်စစ် ဤသည့်(ဖြစ်ရပ်)၌ (ကြီးကျယ်လှစွာသော) သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် ၎င်းတို့အနက်(မက္ကာမြို့သား ကာဖိရ်များအနက်)အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။

Choose other languages: