Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #164 Translated in Burmese

كَذَّبَتْ قَوْمُ لُوطٍ الْمُرْسَلِينَ
လူ(တ်)၏ အမျိုးသားတို့သည်(လည်း) ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
إِذْ قَالَ لَهُمْ أَخُوهُمْ لُوطٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား၊ ၎င်းတို့၏နောင်တော်လူ(တ်)က ပြောကြားခဲ့လေ၏။ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်ပေသည်။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ
စင်စစ် ငါသည် အသင်တို့ထံ ဤ(အမိန့်တော်ပို့ဆောင်ခြင်း) နှင့်စပ်လျဉ်း၍၊ အကျိုးတစ်စုံတစ်ရာ ကိုမျှတောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အပေါ်၌သာ ရှိပေသတည်း။

Choose other languages: