Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #163 Translated in Burmese

وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
كَذَّبَتْ قَوْمُ لُوطٍ الْمُرْسَلِينَ
လူ(တ်)၏ အမျိုးသားတို့သည်(လည်း) ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
إِذْ قَالَ لَهُمْ أَخُوهُمْ لُوطٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား၊ ၎င်းတို့၏နောင်တော်လူ(တ်)က ပြောကြားခဲ့လေ၏။ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်ပေသည်။
فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။

Choose other languages: