Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #167 Translated in Burmese

فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ
စင်စစ် ငါသည် အသင်တို့ထံ ဤ(အမိန့်တော်ပို့ဆောင်ခြင်း) နှင့်စပ်လျဉ်း၍၊ အကျိုးတစ်စုံတစ်ရာ ကိုမျှတောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အပေါ်၌သာ ရှိပေသတည်း။
أَتَأْتُونَ الذُّكْرَانَ مِنَ الْعَالَمِينَ
အသင်တို့သည် ကမ္ဘာသူကမ္ဘာသားတို့အနက် ယောက်ျားများထံ လာရောက်(၍ ကာမဂုဏ်ခံစား) ကြလေသလော။
وَتَذَرُونَ مَا خَلَقَ لَكُمْ رَبُّكُمْ مِنْ أَزْوَاجِكُمْ ۚ بَلْ أَنْتُمْ قَوْمٌ عَادُونَ
သို့ရာတွင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မိမိတို့အဖို့ ဖန်ဆင်းထားတော်မူသော ဇနီးမိန်းမတို့ကိုမူ စွန့်ထားကြလေသလော။ စင်စစ်မှာမူကား အသင်တို့သည် စည်းကမ်းကျူးလွန်ဖောက်ဖျက်သော အမျိုးသားများပင် ဖြစ်ကြကုန်၏။
قَالُوا لَئِنْ لَمْ تَنْتَهِ يَا لُوطُ لَتَكُونَنَّ مِنَ الْمُخْرَجِينَ
ထိုအမျိုးသားတို့က ‘‘အို-လူ(တ်)၊ အကယ်၍အသင်သည် (မိမိဆုံးမဩဝါဒပေးခြင်းမှ) မရပ်တန့်ပါလျှင် ဧကန်မလွဲ အသင်သည်(တိုင်းပြည်မှ)နှင်ထုတ်ခြင်းခံရသူတစ်ဦးပင် ဖြစ်ချေလိမ့်မည်ဟု ဆိုခဲ့ကြကုန်၏။

Choose other languages: