Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #137 Translated in Burmese

أَمَدَّكُمْ بِأَنْعَامٍ وَبَنِينَ
ထိုအရှင်မြတ်သည် အသင်တို့အား �ျွဲ၊ နွား၊ကုလားအုတ် တည်းဟူသော တိရစ္ဆာန်များဖြင့်လည်းကောင်း၊ သားသမီးရတနာများဖြင့်လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့၏။
وَجَنَّاتٍ وَعُيُونٍ
ထိုမှတစ်ပါး ဥယျာဉ်များဖြင့်လည်းကောင်း၊စမ်းချောင်းများဖြင့်လည်းကောင်း၊ (ကူညီတော်မူခဲ့၏)။
إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
ဧကန်စင်စစ် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှစွာသော(ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ပြစ်ဒဏ်ကို စိုးရိမ်မိပေသည်တကား။
قَالُوا سَوَاءٌ عَلَيْنَا أَوَعَظْتَ أَمْ لَمْ تَكُنْ مِنَ الْوَاعِظِينَ
ထိုအမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ဟူဒ်၊) အသင်သည် ဆုံးမသည်ဖြစ်စေ၊ ဆုံးမခြင်း မပြုသည်ဖြစ်စေ၊ ကျွန်ုပ်တို့အဖို့ အကြောင်းမထူးပေ။
إِنْ هَٰذَا إِلَّا خُلُقُ الْأَوَّلِينَ
ဤသည် ရှေးလူဟောင်းတို့၏ ဓလေ့ထုံးစံမျှဖြစ်ပေ၏။

Choose other languages: