Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #114 Translated in Burmese

فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
قَالُوا أَنُؤْمِنُ لَكَ وَاتَّبَعَكَ الْأَرْذَلُونَ
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်ကြရမည်လော။ အမှန်စင်စစ် �ုဏ်အသရေ သေးသိမ်သူတို့သာလျှင် အသင်၏နောက်လိုက်များ ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
قَالَ وَمَا عِلْمِي بِمَا كَانُوا يَعْمَلُونَ
ထိုနူဟ်က(ဤသို့)ပြန်ကြားခဲ့၏၊ (အချင်းတို့၊) ငါသည် ၎င်းတို့၏ အလုပ်အကိုင်နှင့်စပ်လျဉ်း၍ မည်သည်ကို သိရှိရန်လိုပါသနည်း။
إِنْ حِسَابُهُمْ إِلَّا عَلَىٰ رَبِّي ۖ لَوْ تَشْعُرُونَ
၎င်းတို့အား စစ်ဆေးရန်တာဝန်မှာ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်အပေါ်၌သာ ရှိကြောင်း အသင်တို့နားလည်ကြပါလျှင် ကောင်းလေစွ။
وَمَا أَنَا بِطَارِدِ الْمُؤْمِنِينَ
စင်စစ် ငါသည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (မိမိအပါးမှ) နှင်ထုတ်မည့်သူမဟုတ်ပြီ။

Choose other languages: