Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #117 Translated in Burmese

إِنْ حِسَابُهُمْ إِلَّا عَلَىٰ رَبِّي ۖ لَوْ تَشْعُرُونَ
၎င်းတို့အား စစ်ဆေးရန်တာဝန်မှာ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်အပေါ်၌သာ ရှိကြောင်း အသင်တို့နားလည်ကြပါလျှင် ကောင်းလေစွ။
وَمَا أَنَا بِطَارِدِ الْمُؤْمِنِينَ
စင်စစ် ငါသည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (မိမိအပါးမှ) နှင်ထုတ်မည့်သူမဟုတ်ပြီ။
إِنْ أَنَا إِلَّا نَذِيرٌ مُبِينٌ
ငါသည် ရှင်းလင်းထင်ရှားစွာ သတိပေး နှိုးဆော်သူတစ်ဦးမျှဖြစ်၏။
قَالُوا لَئِنْ لَمْ تَنْتَهِ يَا نُوحُ لَتَكُونَنَّ مِنَ الْمَرْجُومِينَ
ထိုအမျိုးသားတို့က အို-နူဟ်။ အကယ်၍ အသင်သည်(မိမိဆုံးမဩဝါဒပေးခြင်းကို)မရပ်တန့်ခဲ့ပါလျှင် ဧကန်မလွဲ အသင်သည် ခဲပစ်ပေါက်(၍သတ်ဖြတ်)ခြင်းကို ခံရသူတို့တွင် အပါအဝင်ဖြစ်ပေမည်။
قَالَ رَبِّ إِنَّ قَوْمِي كَذَّبُونِ
ထိုနူဟ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ဤသို့) လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော် မျိုးအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏ အမျိုးသားတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေပြီ။

Choose other languages: