Quran Apps in many lanuages:

Surah As-Saff Ayahs #10 Translated in Burmese

وَإِذْ قَالَ عِيسَى ابْنُ مَرْيَمَ يَا بَنِي إِسْرَائِيلَ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ مُصَدِّقًا لِمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَمُبَشِّرًا بِرَسُولٍ يَأْتِي مِنْ بَعْدِي اسْمُهُ أَحْمَدُ ۖ فَلَمَّا جَاءَهُمْ بِالْبَيِّنَاتِ قَالُوا هَٰذَا سِحْرٌ مُبِينٌ
ထိုမှတစ်ပါး ပြန်လည် သတိရရှိကြလေကုန်။အခါတစ်ပါး၌ ‘မရ်ယမ်’၏သားတော် နဗီတမန်တော် ‘အီစာ’သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို-အစ္စရာအီလီ မျိုးနွယ်ဝင် အပေါင်းတို့။ ဧကန်မလွဲ ငါသည် မိမိအလျင်ရှိနေသော တောင်ရာတ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူ အဖြစ်လည်းကောင်း၊ ငါ၏နောက်တွင်’အဟ်မဒ်’ဟူသော အမည်နာမနှင့် ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်း ပြောကြားသူအဖြစ်လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်၏။ သို့တစေလည်း ထို(နဗီတမန်တော်)သည် သက်သေလက္ခဏာတော်များနှင့်တကွ ၎င်းတို့ထံ ရောက်ရှိ၍ လာခဲ့သောအခါ ၎င်းတို့က ဤသည်ထင်ရှားစွာသော ပဉ္စလက်အတတ်ပင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြလေသတည်း။
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ وَهُوَ يُدْعَىٰ إِلَى الْإِسْلَامِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အမှန်စင်စစ်သော်ကား မိမိကိုယ်တိုင် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်ခြင်း ခံရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အပေါ်ဝယ် မုသားကို လီဆယ်စွပ်စွဲသောသူထက် ပိုမို၍မတရားသောသူကား အသူရှိအံ့နည်း။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မတရားသော လူမျိုးတို့အား တရားလမ်းမှန်သို့ ရောက်စေတော်မူသည် မဟုတ်ပြီ။
يُرِيدُونَ لِيُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَاللَّهُ مُتِمُّ نُورِهِ وَلَوْ كَرِهَ الْكَافِرُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်ကို မိမိတို့၏ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြကုန်၏။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သောသူများ မနှစ်မြို့ကြငြားသော်လည်း အလ္လာဟ်အရှင်မြတ်မှာမူကား မိမိရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။
هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
ထို အရှင်မြတ်သည် အကြင် အရှင်မြတ်ပင် ဖြစ်တော်မူ၏။ မုရှ်ရစ်က်တို့သည် မနှစ်မြို့ကြငြားသော်လည်း ထိုအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ မှန်ကန်သော ‘ဒီန်’သာသနာတော်နှင့်တကွလည်းကောင်း၊ (ယင်း မှန်ကန်သော သာသနာကို) စေလွှတ်တော်မူခဲ့ပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا هَلْ أَدُلُّكُمْ عَلَىٰ تِجَارَةٍ تُنْجِيكُمْ مِنْ عَذَابٍ أَلِيمٍ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့အား အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ လွတ်မြောက်စေအံ့သော ကူးသန်းရောင်းဝယ် ဖောက်ကားမူကို ငါအရှင်မြတ်သည် အသင်တို့အား ညွှန်ပြတော်မူရမည်လော။

Choose other languages: