Quran Apps in many lanuages:

Surah As-Saff Ayahs #13 Translated in Burmese

هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
ထို အရှင်မြတ်သည် အကြင် အရှင်မြတ်ပင် ဖြစ်တော်မူ၏။ မုရှ်ရစ်က်တို့သည် မနှစ်မြို့ကြငြားသော်လည်း ထိုအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ မှန်ကန်သော ‘ဒီန်’သာသနာတော်နှင့်တကွလည်းကောင်း၊ (ယင်း မှန်ကန်သော သာသနာကို) စေလွှတ်တော်မူခဲ့ပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا هَلْ أَدُلُّكُمْ عَلَىٰ تِجَارَةٍ تُنْجِيكُمْ مِنْ عَذَابٍ أَلِيمٍ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့အား အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ လွတ်မြောက်စေအံ့သော ကူးသန်းရောင်းဝယ် ဖောက်ကားမူကို ငါအရှင်မြတ်သည် အသင်တို့အား ညွှန်ပြတော်မူရမည်လော။
تُؤْمِنُونَ بِاللَّهِ وَرَسُولِهِ وَتُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِكُمْ وَأَنْفُسِكُمْ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြရပေမည်။ ၎င်းပြင် အသင်တို့သည် မိမိတို့ ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်းကြရပေမည်။ ဤသည် အကယ်၍ အသင်တို့ သိရှိကြသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်၏။
يَغْفِرْ لَكُمْ ذُنُوبَكُمْ وَيُدْخِلْكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ ထို့ပြင် ထိုအရှင်မြတ် သည်အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် အသင်တို့အား) အကြင်နေအိမ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုနေအိမ်များမှာ အမြဲထာဝစဉ် နေထိုင်ရအံ့သောဥယျာဉ်များဝယ် ရှိကြပေမည်။ ထိုသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။
وَأُخْرَىٰ تُحِبُّونَهَا ۖ نَصْرٌ مِنَ اللَّهِ وَفَتْحٌ قَرِيبٌ ۗ وَبَشِّرِ الْمُؤْمِنِينَ
ထိုမှတစ်ပါး အသင်တို့ နှစ်သက်ကြကုန်သော အခြား(အကျိုးကျေးဇူး)တစ်ပါးကိုလည်း (ထိုအရှင်မြတ်သည် အသင်တို့အား ချီးမြှင့်တော်မူပေမည်။ ယင်းသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ ကူညီစောင်မမှုပင်၊ နီးကပ်စွာသော အောင်နိုင်မှုပင်။ ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် `မုအ်မင်န်` သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်းပြောကြားပါလေ။

Choose other languages: