Quran Apps in many lanuages:

Surah As-Saaffat Ayahs #40 Translated in Burmese

وَيَقُولُونَ أَئِنَّا لَتَارِكُو آلِهَتِنَا لِشَاعِرٍ مَجْنُونٍ
ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦး၏ပြောဆိုမှုကြောင့် မိမိတို့၏ ဆည်းကပ်ကိုးကွယ်ရာများကို စွန့်လွှတ်ကြရ မည်လောဟု ပြောဆိုလေ့ရှိကြကုန်၏။
بَلْ جَاءَ بِالْحَقِّ وَصَدَّقَ الْمُرْسَلِينَ
စင်စစ်မှာကား ထို(တမန်တော်မြတ်)သည် အမှန်တရားကို ယူဆောင်ခဲ့သည့်ပြင်(အခြားသော)"ရစူလ်"တမန်တော်အပေါင်းတို့အားလည်း (ဟုတ်မှန်ကြောင်း)ယုံကြည် ထောက်ခံခဲ့ပေသတည်း။
إِنَّكُمْ لَذَائِقُو الْعَذَابِ الْأَلِيمِ
ဧကန်မလွဲ အသင်တို့အားလုံးသည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းကြရမည့်သူများ အမှန်ပင် ဖြစ်ကြကုန်၏။
وَمَا تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
သို့ရာတွင် အသင်တို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသော အမှုကိစ္စများ၏ အစားပေးခြင်းကိုသာလျှင် ခံကြရပေမည်။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ
သို့ရာတွင် ရွေးခြယ်ခြင်းကို ခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များသည်၊

Choose other languages: