Quran Apps in many lanuages:

Surah As-Saaffat Ayahs #176 Translated in Burmese

إِنَّهُمْ لَهُمُ الْمَنْصُورُونَ
ဧကန်အမှန် ၎င်းတို့သည်သာလျှင် ကူညီစောင်မခြင်း ခံကြရမည့်သူများ ဖြစ်ကြောင်း။
وَإِنَّ جُنْدَنَا لَهُمُ الْغَالِبُونَ
စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်၏ တပ်မတော်သည်သာလျှင် လွှမ်းမိုးမည်ပင်။
فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူရှု၍ နေပါလေ။
وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ
ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ကြည့်နေပါလေ။ ထို့နောက် မကြာမြင့်မီပင် ၎င်းတို့သည်လည်း မြင်ကြရပေမည်။
أَفَبِعَذَابِنَا يَسْتَعْجِلُونَ
၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။

Choose other languages: