Quran Apps in many lanuages:

Surah As-Saaffat Ayahs #177 Translated in Burmese

وَإِنَّ جُنْدَنَا لَهُمُ الْغَالِبُونَ
စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်၏ တပ်မတော်သည်သာလျှင် လွှမ်းမိုးမည်ပင်။
فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူရှု၍ နေပါလေ။
وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ
ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ကြည့်နေပါလေ။ ထို့နောက် မကြာမြင့်မီပင် ၎င်းတို့သည်လည်း မြင်ကြရပေမည်။
أَفَبِعَذَابِنَا يَسْتَعْجِلُونَ
၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။
فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَاءَ صَبَاحُ الْمُنْذَرِينَ
စင်စစ်သော်ကား ယင်းပြစ်ဒဏ်သည် ၎င်းတို့၏အိမ်ဝင်းထဲ၌ ကျရောက်လာသောအခါ သတိပေးနှိုးဆော်ခြင်းခံ ကြရသောသူများ၏ နံနက်အချိန်ပင် အချိန်မှာ အလွန်ဆိုးရွားလှသော နံနက်အချိန်ပင် ဖြစ်ချိမ့်မည်။

Choose other languages: