Quran Apps in many lanuages:

Surah As-Saaffat Ayahs #164 Translated in Burmese

إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ
သို့ရာတွင် ရွေးချယ်ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ကျွန်များမှာမူကား (ပြစ်ဒဏ်မှ ကင်းလွတ်ကြကုန် အံ့သတည်း)။
فَإِنَّكُمْ وَمَا تَعْبُدُونَ
သို့ဖြစ်ရာ အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ် ကိုးကွယ်ရာတို့သည်လည်းကောင်း။
مَا أَنْتُمْ عَلَيْهِ بِفَاتِنِينَ
အသင်တို့သည် (အားလုံးစုရုံးလျက်ပင်)ထိုအရှင်မြတ်ဘက်မှ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။ (တစ်နည်း) ထိုအသင်တို့၏ ကိုးကွယ်ရာဘက်သို့ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။
إِلَّا مَنْ هُوَ صَالِ الْجَحِيمِ
ဂျဟန္နမ်" ငရဲဘုံ၌ ကျရောက်အံ့သောသူမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှပင်။
وَمَا مِنَّا إِلَّا لَهُ مَقَامٌ مَعْلُومٌ
(ကောင်းကင်တမန်များ)က စင်စစ်သော်ကား ကျွန်ုပ်တို့အနက် အသီးသီးအဖို့ အဆင့်အတန်း တစ်ခုစီ သတ်မှတ်ပြီး ဖြစ်သည်။

Choose other languages: