Quran Apps in many lanuages:

Surah As-Saaffat Ayahs #163 Translated in Burmese

سُبْحَانَ اللَّهِ عَمَّا يَصِفُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်ပြောဆိုကြသည်တို့မှ လုံးဝ ကင်းရှင်းစင်ကြယ်တော်မူ၏။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ
သို့ရာတွင် ရွေးချယ်ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ကျွန်များမှာမူကား (ပြစ်ဒဏ်မှ ကင်းလွတ်ကြကုန် အံ့သတည်း)။
فَإِنَّكُمْ وَمَا تَعْبُدُونَ
သို့ဖြစ်ရာ အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ် ကိုးကွယ်ရာတို့သည်လည်းကောင်း။
مَا أَنْتُمْ عَلَيْهِ بِفَاتِنِينَ
အသင်တို့သည် (အားလုံးစုရုံးလျက်ပင်)ထိုအရှင်မြတ်ဘက်မှ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။ (တစ်နည်း) ထိုအသင်တို့၏ ကိုးကွယ်ရာဘက်သို့ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။
إِلَّا مَنْ هُوَ صَالِ الْجَحِيمِ
ဂျဟန္နမ်" ငရဲဘုံ၌ ကျရောက်အံ့သောသူမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှပင်။

Choose other languages: