Quran Apps in many lanuages:

Surah As-Saaffat Ayahs #153 Translated in Burmese

فَاسْتَفْتِهِمْ أَلِرَبِّكَ الْبَنَاتُ وَلَهُمُ الْبَنُونَ
ယခုသော် အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၌ သမီးမိန်းကလေးများရှိကြ၍၊ ၎င်းတို့၌မူကား သားယာက်ျားကလေးများ ရှိကြလေသလော။
أَمْ خَلَقْنَا الْمَلَائِكَةَ إِنَاثًا وَهُمْ شَاهِدُونَ
သို့တည်းမဟုတ် ငါအရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန်းမများအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း၊ သို့ ကြည့်ရှုလျက် ရှိခဲ့ကြလေသလော။
أَلَا إِنَّهُمْ مِنْ إِفْكِهِمْ لَيَقُولُونَ
ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့၏ လီဆယ်မှုဖြင့်သာ ပြောဆိုနေကြသည်။
وَلَدَ اللَّهُ وَإِنَّهُمْ لَكَاذِبُونَ
အလ္လာဟ်အရှင်မြတ်သည် (သားသမီး) မွေးဖွားတော်မူသည်" ဟု။ သို့ရာတွင် စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
أَصْطَفَى الْبَنَاتِ عَلَى الْبَنِينَ
အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းကလေးများအား သားယောက်ျားကလေးများထက် ဦးစားပေးတော်မူခဲ့သလော။

Choose other languages: