Quran Apps in many lanuages:

Surah As-Saaffat Ayahs #156 Translated in Burmese

وَلَدَ اللَّهُ وَإِنَّهُمْ لَكَاذِبُونَ
အလ္လာဟ်အရှင်မြတ်သည် (သားသမီး) မွေးဖွားတော်မူသည်" ဟု။ သို့ရာတွင် စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
أَصْطَفَى الْبَنَاتِ عَلَى الْبَنِينَ
အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းကလေးများအား သားယောက်ျားကလေးများထက် ဦးစားပေးတော်မူခဲ့သလော။
مَا لَكُمْ كَيْفَ تَحْكُمُونَ
အသင်တို့၌ မည်သို့သော အကြောင်းပြချက်ရှိသနည်း။ အသင်တို့သည် မည်သို့ အဆုံးအဖြတ်ပေးကြသနည်း။
أَفَلَا تَذَكَّرُونَ
အသင်တို့သည် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။
أَمْ لَكُمْ سُلْطَانٌ مُبِينٌ
သို့တည်းမဟုတ် အသင်တို့၌ ထင်ရှားစွာသော သက်သေအထောက်အထား တစ်စုံတစ်ရာ ရှိလေသလော။

Choose other languages: