Quran Apps in many lanuages:

Surah As-Saaffat Ayahs #148 Translated in Burmese

لَلَبِثَ فِي بَطْنِهِ إِلَىٰ يَوْمِ يُبْعَثُونَ
အမှန်ပင် ထို"ယူနွတ်စ်" သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တိုင်အောင် ထိုငါး၏ ဝမ်းဗိုက်ထဲ၌သာ နေခဲ့ရပေမည်။
فَنَبَذْنَاهُ بِالْعَرَاءِ وَهُوَ سَقِيمٌ
ထို့နောက် ငါအရှင်မြတ်သည် ထို"ယူနွတ်စ်"အား လွင်တီးပြင်၌ချတော်မူခဲ့ရာ ၎င်းမှာ နွမ်းရိလျက်ရှိခဲ့၏။
وَأَنْبَتْنَا عَلَيْهِ شَجَرَةً مِنْ يَقْطِينٍ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ်၌နွယ်တက်သော အပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူခဲ့၏။
وَأَرْسَلْنَاهُ إِلَىٰ مِائَةِ أَلْفٍ أَوْ يَزِيدُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား (လူဦးရေ)တစ်သိန်း သို့မဟုတ် တစ်သိန်းကျော်ရှိ အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူခဲ့၏။
فَآمَنُوا فَمَتَّعْنَاهُمْ إِلَىٰ حِينٍ
ထိုအခါ ၎င်းအမျိုးသားတို့သည် "အီမာန်"သက်ဝင်ယုံကြည်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အားသတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးကျေးဇူးခံစားခွင့် ပေးသနားတော်မူခဲ့ပေသတည်း။

Choose other languages: