Quran Apps in many lanuages:

Surah As-Saaffat Ayahs #147 Translated in Burmese

فَلَوْلَا أَنَّهُ كَانَ مِنَ الْمُسَبِّحِينَ
စင်စစ်သော်ကား အကယ်၍သာ ထို"ယူနွတ်စ်"သည် (ငါအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူ မဖြစ်ခဲ့မူ။
لَلَبِثَ فِي بَطْنِهِ إِلَىٰ يَوْمِ يُبْعَثُونَ
အမှန်ပင် ထို"ယူနွတ်စ်" သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တိုင်အောင် ထိုငါး၏ ဝမ်းဗိုက်ထဲ၌သာ နေခဲ့ရပေမည်။
فَنَبَذْنَاهُ بِالْعَرَاءِ وَهُوَ سَقِيمٌ
ထို့နောက် ငါအရှင်မြတ်သည် ထို"ယူနွတ်စ်"အား လွင်တီးပြင်၌ချတော်မူခဲ့ရာ ၎င်းမှာ နွမ်းရိလျက်ရှိခဲ့၏။
وَأَنْبَتْنَا عَلَيْهِ شَجَرَةً مِنْ يَقْطِينٍ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ်၌နွယ်တက်သော အပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူခဲ့၏။
وَأَرْسَلْنَاهُ إِلَىٰ مِائَةِ أَلْفٍ أَوْ يَزِيدُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား (လူဦးရေ)တစ်သိန်း သို့မဟုတ် တစ်သိန်းကျော်ရှိ အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူခဲ့၏။

Choose other languages: