Quran Apps in many lanuages:

Surah As-Saaffat Ayahs #17 Translated in Burmese

وَإِذَا ذُكِّرُوا لَا يَذْكُرُونَ
၎င်းပြင် သတိပေးဆုံးမခြင်းကို ခံကြရသောအခါ ၎င်းတို့သည် တရားရကြသည် မဟုတ်ပေ။
وَإِذَا رَأَوْا آيَةً يَسْتَسْخِرُونَ
ထို့ပြင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်ရပ်ရပ်ကို တွေ့မြင်ကြသောအခါ၊ ပြက်ရယ် ပြောင်လှောင်ကြကုန်၏။
وَقَالُوا إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုကြကုန်၏။ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာမျှသာ ဖြစ်ပေသည်။
أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ
မည်သို့နည်း ကျွန်ုပ်တို့သည် သေဆုံးကြပြီး မြေကြီးဖြစ်သွားကြသောအခါ ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။
أَوَآبَاؤُنَا الْأَوَّلُونَ
၎င်းပြင် ရှေးသူဟောင်းများဖြစ်ကြသော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်း(ရှင်ပြန်ထကြရဦးမည်လော)။

Choose other languages: