Quran Apps in many lanuages:

Surah As-Saaffat Ayahs #19 Translated in Burmese

وَقَالُوا إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုကြကုန်၏။ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာမျှသာ ဖြစ်ပေသည်။
أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ
မည်သို့နည်း ကျွန်ုပ်တို့သည် သေဆုံးကြပြီး မြေကြီးဖြစ်သွားကြသောအခါ ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။
أَوَآبَاؤُنَا الْأَوَّلُونَ
၎င်းပြင် ရှေးသူဟောင်းများဖြစ်ကြသော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်း(ရှင်ပြန်ထကြရဦးမည်လော)။
قُلْ نَعَمْ وَأَنْتُمْ دَاخِرُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ "ဟုတ်ပေသည်"(အသင်တို့သည် အမှန်ပင် ရှင်ပြန်ထကြရပေမည်)။ ၎င်းပြင် အသင်တို့သည် ဂုဏ်ရည် သေးသိမ်သူများလည်း ဖြစ်ကြရပေဦးမည်။
فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ فَإِذَا هُمْ يَنْظُرُونَ
စင်စစ်မှာကား ယင်းသည် ပြင်းထန်စွာသော အသံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့သည် (ကြောက်ရွံ့ထိတ်လန့်စွာ) ကြည့်ရှုလျက် ရှိကြကုန်အံ့သတည်း။

Choose other languages: