Quran Apps in many lanuages:

Surah As-Saaffat Ayahs #22 Translated in Burmese

قُلْ نَعَمْ وَأَنْتُمْ دَاخِرُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ "ဟုတ်ပေသည်"(အသင်တို့သည် အမှန်ပင် ရှင်ပြန်ထကြရပေမည်)။ ၎င်းပြင် အသင်တို့သည် ဂုဏ်ရည် သေးသိမ်သူများလည်း ဖြစ်ကြရပေဦးမည်။
فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ فَإِذَا هُمْ يَنْظُرُونَ
စင်စစ်မှာကား ယင်းသည် ပြင်းထန်စွာသော အသံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့သည် (ကြောက်ရွံ့ထိတ်လန့်စွာ) ကြည့်ရှုလျက် ရှိကြကုန်အံ့သတည်း။
وَقَالُوا يَا وَيْلَنَا هَٰذَا يَوْمُ الدِّينِ
ထိုမှတစ်ပါး ၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ပျက်စီးကြရလေခြင်း၊ ဤသည် အစားပေးမည့်နေ့ပါတကား"ဟု ပြောဆို ညည်းညူကြပေမည်။
هَٰذَا يَوْمُ الْفَصْلِ الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
ဤကား မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော စီရင်ဆုံးဖြတ်မည့်နေ့ပင်ဖြစ်ပေသည်။
احْشُرُوا الَّذِينَ ظَلَمُوا وَأَزْوَاجَهُمْ وَمَا كَانُوا يَعْبُدُونَ
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များအား မိန့်ကြားတော်မူပေမည်)။ အသင်တို့သည်(မိမိတို့ကိုယ်ကို)နှိပ်စက်ကလူပြုခဲ့ကြသော သူတို့အားလည်းကောင်း၊ ထိုသူတို့နှင့် ဝါဒတူဖြစ်ကြသော အဖော်အဖက်တို့အားလည်းကောင်း၊ ထိုသူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်တို့အားလည်းကောင်း၊ စုရုံးကြလေကုန်။

Choose other languages: