Quran Apps in many lanuages:

Surah As-Saaffat Ayahs #15 Translated in Burmese

فَاسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَمْ مَنْ خَلَقْنَا ۚ إِنَّا خَلَقْنَاهُمْ مِنْ طِينٍ لَازِبٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ ၎င်းတို့အား ဖန်ဆင်းခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့် (ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ ပထဝီမြေ၊ အဖန်ဆင်းခံများအား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော)။ဧကန်မလွဲ ငါ အရှင်မြတ်သည် ၎င်းတို့အား စေးကပ်သော မြေကြီးမြေစေးဖြင့် ဖန်ဆင်းတော်မူခဲ့၏။
بَلْ عَجِبْتَ وَيَسْخَرُونَ
စင်စစ်မှာကား (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့၏ ငြင်းပယ်မှုကြောင့်)အံ့ဩ၍နေပေသည်။ သို့ရာတွင် ၎င်းတို့မှာမူကား(အသင့်အား)ပြက်ရယ်သမှု ပြုကြကုန်၏။
وَإِذَا ذُكِّرُوا لَا يَذْكُرُونَ
၎င်းပြင် သတိပေးဆုံးမခြင်းကို ခံကြရသောအခါ ၎င်းတို့သည် တရားရကြသည် မဟုတ်ပေ။
وَإِذَا رَأَوْا آيَةً يَسْتَسْخِرُونَ
ထို့ပြင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်ရပ်ရပ်ကို တွေ့မြင်ကြသောအခါ၊ ပြက်ရယ် ပြောင်လှောင်ကြကုန်၏။
وَقَالُوا إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုကြကုန်၏။ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာမျှသာ ဖြစ်ပေသည်။

Choose other languages: