Quran Apps in many lanuages:

Surah As-Saaffat Ayahs #121 Translated in Burmese

وَآتَيْنَاهُمَا الْكِتَابَ الْمُسْتَبِينَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သားသော(တောင်ရာတ်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
وَهَدَيْنَاهُمَا الصِّرَاطَ الْمُسْتَقِيمَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့၏။
وَتَرَكْنَا عَلَيْهِمَا فِي الْآخِرِينَ
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ၎င်းတို့နှစ်ဦးစလုံးနှင့်ပတ်သက်၍ (၎င်းတို့နှစ်ဦးစလုံးအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ مُوسَىٰ وَهَارُونَ
စလာမ်" ငြိမ်းချမ်းသာယာမှုသည် မူစာ၏အပေါ်၌လည်းကောင်း၊ ဟာရူန်၏အပေါ်၌လည်းကောင်း၊ ကျရောက်ပါစေ။
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သူတော်ကောင်းတို့အား အစားပေးလေ့ရှိတော်မူ၏။

Choose other languages: