Quran Apps in many lanuages:

Surah As-Saaffat Ayahs #120 Translated in Burmese

وَنَصَرْنَاهُمْ فَكَانُوا هُمُ الْغَالِبِينَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မတော်မူခဲ့ရာ ၎င်းတို့သည်ပင်လျှင် အောင်မြင်သူများ ဖြစ်ခဲ့ကြကုန်၏။
وَآتَيْنَاهُمَا الْكِتَابَ الْمُسْتَبِينَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သားသော(တောင်ရာတ်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
وَهَدَيْنَاهُمَا الصِّرَاطَ الْمُسْتَقِيمَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့၏။
وَتَرَكْنَا عَلَيْهِمَا فِي الْآخِرِينَ
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ၎င်းတို့နှစ်ဦးစလုံးနှင့်ပတ်သက်၍ (၎င်းတို့နှစ်ဦးစလုံးအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ مُوسَىٰ وَهَارُونَ
စလာမ်" ငြိမ်းချမ်းသာယာမှုသည် မူစာ၏အပေါ်၌လည်းကောင်း၊ ဟာရူန်၏အပေါ်၌လည်းကောင်း၊ ကျရောက်ပါစေ။

Choose other languages: