Quran Apps in many lanuages:

Surah As-Saaffat Ayahs #118 Translated in Burmese

وَلَقَدْ مَنَنَّا عَلَىٰ مُوسَىٰ وَهَارُونَ
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)"မူစာ"၏အပေါ်၌လည်းကောင်း၊(နဗီတမန်တော်)"ဟာရူန်"၏အပေါ်၌လည်းကောင်း၊ ကျေးဇူးပြုတော်မူခဲ့၏။
وَنَجَّيْنَاهُمَا وَقَوْمَهُمَا مِنَ الْكَرْبِ الْعَظِيمِ
ထို့ပြင် ငါအရှင်မြတ်သည် ထို"မူစာ"နှင့်"ဟာရူန်" နှစ်ဦးတို့အားလည်းကောင်း၊ ထိုနှစ်ဦးတို့၏ အမျိုးသားတို့အားလည်းကောင်း၊ ကြီးကျယ်စွာ သော ပူပင်သောကမှ ကယ်တင်တော်မူခဲ့၏။
وَنَصَرْنَاهُمْ فَكَانُوا هُمُ الْغَالِبِينَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မတော်မူခဲ့ရာ ၎င်းတို့သည်ပင်လျှင် အောင်မြင်သူများ ဖြစ်ခဲ့ကြကုန်၏။
وَآتَيْنَاهُمَا الْكِتَابَ الْمُسْتَبِينَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သားသော(တောင်ရာတ်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
وَهَدَيْنَاهُمَا الصِّرَاطَ الْمُسْتَقِيمَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့၏။

Choose other languages: