Quran Apps in many lanuages:

Surah Ar-Rum Ayahs #23 Translated in Burmese

يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَيُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ وَكَذَٰلِكَ تُخْرَجُونَ
ထိုအရှင်မြတ်သည် သက်ရှိကိုသက်မဲ့မှ ထုတ်တော်မူ၏။ ထိုနည်းတူစွာ သက်မဲ့ကိုသက်ရှိမှ ထုတ်တော်မူ၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေသေ(သွေ့ခြောက်)ပြီးနောက် ပြန်ရှင်(စိုပြည်စိမ်းလန်း)စေတော်မူ၏။ စင်စစ်သော်ကား အသင်တို့သည်လည်း ဤနည်းနှင်နှင် ထွက်စေခြင်းကို ခံကြရကုန်အံ့သတည်း။
وَمِنْ آيَاتِهِ أَنْ خَلَقَكُمْ مِنْ تُرَابٍ ثُمَّ إِذَا أَنْتُمْ بَشَرٌ تَنْتَشِرُونَ
စင်စစ် (ဤသည်) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် အသင်တို့သည် ရုတ်တရက် လူသားများဖြစ်လာပြီး(ကမ္ဘာမြေဝယ်) ပျံ့နှံ့လျက် ရှိကြကုန်၏။
وَمِنْ آيَاتِهِ أَنْ خَلَقَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا لِتَسْكُنُوا إِلَيْهَا وَجَعَلَ بَيْنَكُمْ مَوَدَّةً وَرَحْمَةً ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
ထိုနည်းတူစွာ (ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်ပေသည်။ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ အမျိုးအစားအနက်မှပင် ကြင်ရာကြင်ဖက်များကို ၎င်းတို့ထံတွင် အသင်တို့ အနားယူစိတ်ချမ်းသာမှု ရရှိကြအံ့သောငှာ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့စပ်ကြား၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အကြင်နာတရားကိုလည်းကောင်း၊ စီမံပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ဤသည်၌ ဆင်ခြင်သုံးသပ် စဉ်းစားကြကုန်သော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိပေသတည်း။
وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافُ أَلْسِنَتِكُمْ وَأَلْوَانِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِلْعَالِمِينَ
ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် မိုးကောင်းကင်များနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊အသင်တို့၏ ဘာသာစကားနှင့်အသွေးအရောင်တို့ ကွဲပြားခြားနားခြင်းသည်လည်းကောင်း၊စင်စစ် ဤသည် ပညာရှိ သုခမိန်တို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိချေသည်။
وَمِنْ آيَاتِهِ مَنَامُكُمْ بِاللَّيْلِ وَالنَّهَارِ وَابْتِغَاؤُكُمْ مِنْ فَضْلِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَسْمَعُونَ
၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် ညနှင့်နေ့၌ အသင်တို့အိပ်စက်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျေးဇူးတည်းဟူသော စားနပ်ရိက္ခာကို အသင်တို့ ဆည်းပူး ရှာဖွေခြင်းသည်လည်းကောင်း၊ ဧကန်မုချ ဤသည်၌ ကြားနာသူတို့အဖို့ အမှန်ပင် သက် သေလက္ခဏာများသည် ရှိကုန်သတည်း။

Choose other languages: