Quran Apps in many lanuages:

Surah An-Nur Ayahs #64 Translated in Burmese

إِنَّمَا الْمُؤْمِنُونَ الَّذِينَ آمَنُوا بِاللَّهِ وَرَسُولِهِ وَإِذَا كَانُوا مَعَهُ عَلَىٰ أَمْرٍ جَامِعٍ لَمْ يَذْهَبُوا حَتَّىٰ يَسْتَأْذِنُوهُ ۚ إِنَّ الَّذِينَ يَسْتَأْذِنُونَكَ أُولَٰئِكَ الَّذِينَ يُؤْمِنُونَ بِاللَّهِ وَرَسُولِهِ ۚ فَإِذَا اسْتَأْذَنُوكَ لِبَعْضِ شَأْنِهِمْ فَأْذَنْ لِمَنْ شِئْتَ مِنْهُمْ وَاسْتَغْفِرْ لَهُمُ اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
အကြင်သ��တို့သည်သာလျှင် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင် မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည့်အပြင် တစ်စုံတစ်ရာ စုပေါင်းဆောင်ရွက်အပ်သော ကိစ္စနှင့်စပ်လျဉ်း ၍ ထိုရစူလ်တမန်တော်မြတ်နှင့်အတူ ရှိကြသောအခါ၊ ထိုရစူလ် တမန်တော်မြတ်ထံတွင် ခွင့်ပန်ကြားခြင်း မပြုသမျှ ကာလပတ်လုံး ထွက်မသွားကြပေ။ ဧကန်မလွဲ အသင့်ထံ ခွင့်ပန်ကြားကြကုန်သော သူတို့သာလျှင် အလ္လာဟ်အရှင်မြတ် အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အားလည်း ကောင်း၊ သက်ဝင်ယုံကြည်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အသင့်ထံ မိမိတို့၏ ကိစ္စတစ်စုံတစ်ရာအတွက် ခွင့်ပန်ခဲ့ကြလျှင် အသင်သည် ၎င်းတို့အနက် မိမိအလိုရှိသောသူအား ခွင့်ပြုပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အဖို့ အလ္လာဟ်အရှင်မြတ်အထံတော်၌ အပြစ်မှချမ်းသာခွင့်ရရှိရန် ပန်ကြားပါလေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
لَا تَجْعَلُوا دُعَاءَ الرَّسُولِ بَيْنَكُمْ كَدُعَاءِ بَعْضِكُمْ بَعْضًا ۚ قَدْ يَعْلَمُ اللَّهُ الَّذِينَ يَتَسَلَّلُونَ مِنْكُمْ لِوَاذًا ۚ فَلْيَحْذَرِ الَّذِينَ يُخَالِفُونَ عَنْ أَمْرِهِ أَنْ تُصِيبَهُمْ فِتْنَةٌ أَوْ يُصِيبَهُمْ عَذَابٌ أَلِيمٌ
အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ ဖိတ်ခေါ်ခြင်းကို မိမိတို့အကြားဝယ် မိမိတို့အချင်းချင်း တစ်ဦးတစ်ယောက်ကို တစ်ဦးတစ်ယောက်က ဖိတ်ခေါ်သကဲ့သို့ မယူဆကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အကွယ်အကာယူ၍ တိတ်တဆိတ်ခိုးထွက် သွားကြသောသူတို့အား ကောင်းစွာသိရှိတော်မူ၏။ သို့ဖြစ်ပေရာ ထို ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကို ရှောင်သွေကုန်ကြသော သူတို့သည် မိမိတို့၌ ဒုက္ခတစ်စုံတစ်ရာ သက်ရောက်မည်ကိုသော်လည်းကောင်း၊ သို့မဟုတ် မိမိတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တစ်စုံတစ်ရာ သက်ရောက်မည်ကိုသော် လည်းကောင်း၊ စိုးရိမ်ကြရာကုန်သတည်း။
أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قَدْ يَعْلَمُ مَا أَنْتُمْ عَلَيْهِ وَيَوْمَ يُرْجَعُونَ إِلَيْهِ فَيُنَبِّئُهُمْ بِمَا عَمِلُوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
သတိပြုကြလေကုန်။ ဧကန်မလွဲ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကုန်၏။ ဧကန်အမှန် ထိုအရှင်မြတ်သည် အသင်တို့၏ လက်ရှိ အခြေအနေကိုလည်း သိတော်မူ၏။၎င်းတို့ ထိုအရှင်မြတ်အထံတော်သို့ ပြန်လည် ရောက်ရှိကြရမည့် နေ့ကိုလည်းသိတော်မူ၏။ (ထိုနေ့တွင်) ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကို ထုတ်ဖော်၍ ပြသတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: