Quran Apps in many lanuages:

Surah An-Nur Ayahs #40 Translated in Burmese

فِي بُيُوتٍ أَذِنَ اللَّهُ أَنْ تُرْفَعَ وَيُذْكَرَ فِيهَا اسْمُهُ يُسَبِّحُ لَهُ فِيهَا بِالْغُدُوِّ وَالْآصَالِ
(ယင်းမှန်အိမ်သည်) အကြင်အိမ်တော်များ၌ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်တော်များကို ရိုသေ ချီးမြှောက်ရန်လည်းကောင်း၊ ထိုအိမ်တော်များ၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို အောက်မေ့တသရန်လည်းကောင်း၊ အမိန့်တော် ထုတ်ပြန်ထားတော်မူ၏။ ထိုအိမ်တော်များတွင် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်းများ၌လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြ၏။
رِجَالٌ لَا تُلْهِيهِمْ تِجَارَةٌ وَلَا بَيْعٌ عَنْ ذِكْرِ اللَّهِ وَإِقَامِ الصَّلَاةِ وَإِيتَاءِ الزَّكَاةِ ۙ يَخَافُونَ يَوْمًا تَتَقَلَّبُ فِيهِ الْقُلُوبُ وَالْأَبْصَارُ
အကြင်ကဲ့သို့သော ယောက်ျားတို့သည် ထိုယောက်ျားတို့အား မည်သည့်ကုန်သွယ်မှုနှင့် မည်သည့်ရောင်း(ဝယ်ဖောက်ကား)မှုမျှပင် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းမှလည်းကောင်း၊ ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ခြင်းမှလည်းကောင်း၊ ‘ဇကာတ်’ ပေးဆောင် ခြင်းမှလည်းကောင်း၊ အာရုံပြောင်းစေခြင်းမရှိပေ။ ထိုယောက်ျားတို့သည်ကား စိတ်နှလုံးများနှင့်မျက်စိများ ယောက်ယက်ခတ်နေမည့်နေ့ကို ကြောက်ရွံ့ စိုးရိမ်လျက် ရှိကြကုန်၏။
لِيَجْزِيَهُمُ اللَّهُ أَحْسَنَ مَا عَمِلُوا وَيَزِيدَهُمْ مِنْ فَضْلِهِ ۗ وَاللَّهُ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ
နောက်တွင်မူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော ကောင်းမှုသုစရိုက်များနှင့် စပ်လျဉ်း၍ အကောင်းဆုံးသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူမည့်ပြင် မိမိကျေးဇူးတော်ဖြင့် ပို၍ပင် ချီးမြှင့်ပေးသနားတော်မူဦးမည် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အကန့်အသတ်မရှိ ချီးမြှင့်ပေးသနားတော်မူပေသတည်း။
وَالَّذِينَ كَفَرُوا أَعْمَالُهُمْ كَسَرَابٍ بِقِيعَةٍ يَحْسَبُهُ الظَّمْآنُ مَاءً حَتَّىٰ إِذَا جَاءَهُ لَمْ يَجِدْهُ شَيْئًا وَوَجَدَ اللَّهَ عِنْدَهُ فَوَفَّاهُ حِسَابَهُ ۗ وَاللَّهُ سَرِيعُ الْحِسَابِ
သို့ရာတွင် ‘ကာဖိရ်’ မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့သည် ၎င်းတို့၏ပြုကျင့်မှုတို့မှာမူကား လွင်တီးပြင်၌ရှိနေသော လင်းလျှပ်ပမာဖြစ်ပေရာ ရေမွတ်သိပ်သောသူတို့သည် ထိုလင်းလျှပ်ကိုပင် ရေဟူ၍ ထင်မှတ်လေသည်။ နောက်ဆုံးတွင် ၎င်းသည် ထိုလင်းလျှပ်အနီးသို့ ရောက်လတ်သော် ထိုလင်းလျှပ်ကို တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရသည့်အပြင် ယင်း၏အနီးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုသာ တွေ့ရှိခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်း၏စာရင်းအင်းကို အပြည့်အဝ ရှင်းလင်းတော်မူခဲ့လေသည်။ (ဝါ)၎င်း၏သက်တမ်းကို ကုန်ဆုံးစေတော်မူခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
أَوْ كَظُلُمَاتٍ فِي بَحْرٍ لُجِّيٍّ يَغْشَاهُ مَوْجٌ مِنْ فَوْقِهِ مَوْجٌ مِنْ فَوْقِهِ سَحَابٌ ۚ ظُلُمَاتٌ بَعْضُهَا فَوْقَ بَعْضٍ إِذَا أَخْرَجَ يَدَهُ لَمْ يَكَدْ يَرَاهَا ۗ وَمَنْ لَمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِنْ نُورٍ
သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ (တစ်ဖန်) ထိုလှိုင်းတံပိုး၏ထက်ဝယ် (အခြားသော)လှိုင်းတံပိုးတစ်ခုသည်လည်း ရှိပြန်၏။ (တစ်ဖန်)ထိုလှိုင်းတံပိုး၏ထက်၌ မိုးတိမ်များလည်း ရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များ အပေါ်၌ အမိုက်မှောင်ထပ်လျက်ပင် ရှိနေပေရာ(အမိုက်မှောင်အထပ်ထပ်၌ရှိနေသော) အကြင်သူတစ်ဦးတစ်ယောက်သည် မိမိ၏လက်ကို ထုတ်(၍ ကြည့်)သောအခါ မြင်နိုင်ရန်လက္ခဏာမျှပင် မရှိချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က အလင်းရောင် ချီးမြှင့်တော်မမူတော့ပေ။ အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား။

Choose other languages: