Quran Apps in many lanuages:

Surah An-Nisa Ayahs #71 Translated in Burmese

وَإِذًا لَآتَيْنَاهُمْ مِنْ لَدُنَّا أَجْرًا عَظِيمًا
၎င်းပြင်၊ ထိုအချိန်အခါမျိုးတွင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား မိမိအထံတော်မှ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူပေမည်။
وَلَهَدَيْنَاهُمْ صِرَاطًا مُسْتَقِيمًا
ထိုမှတစ်ပါး၊ ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ကိုလည်း ညွှန်ကြားပြသတော်မူပေမည်။
وَمَنْ يُطِعِ اللَّهَ وَالرَّسُولَ فَأُولَٰئِكَ مَعَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِمْ مِنَ النَّبِيِّينَ وَالصِّدِّيقِينَ وَالشُّهَدَاءِ وَالصَّالِحِينَ ۚ وَحَسُنَ أُولَٰئِكَ رَفِيقًا
အမှန်စင်စစ်သော်က�း၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ (အမိန့်တော်များ) ကိုလည်းကောင်း လိုက်နာအံ။ ယင်း (ကဲ့သို့သော) သူတို့သည် အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော နဗီတမန်တော်များ၊ ‘ဆွစ်ဒ္ဒီက်’ တိကျမှန်ကန်စွာ ပြောဆိုပြုလုပ်ဆောင်ရွက်သူများ၊ ‘ရှဟီဒ်’ အလ္လာဟ် အရှင်မြတ်၏လမ်းတော်၌ အသက်ဇီဝိန်ကိုစွန့်သူ များ၊ ‘ဆွာလိဟ်’သူတော်စင် သူတော်ကောင်းများနှင့် အတူတကွရှိကြလတ္တံ့။ စင်စစ်ဆိုသော် ယင်းသူတို့သည် အဘယ်မျှလောက် မွန်မြတ်လှစွာသော ‘မိတ်သဟာရ’ အဖော်အဖက်များ ဖြစ်ကြပေသနည်း။
ذَٰلِكَ الْفَضْلُ مِنَ اللَّهِ ۚ وَكَفَىٰ بِاللَّهِ عَلِيمًا
ဤသည်ကား၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ကျေးဇူးတော်ပင်တည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်အဖြစ် လုံလောက်လှတော်မူပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا خُذُوا حِذْرَكُمْ فَانْفِرُوا ثُبَاتٍ أَوِ انْفِرُوا جَمِيعًا
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ (ကြိုတင်) ကာကွယ်မှုကို ပြင်ဆင်ပြုလုပ်ကြလေကုန်။ (တစ်နည်း- အသင်တို့သည် မိမိတို့၏လက်နက်များကို စွဲကိုင် ထားကြလေကုန်။) ထို့နောက် အသင်တို့သည် (ရန်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) အစုလိုက် ချီတက်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စည်းတစ်လုံးတည်း ချီတက်ကြလေကုန်။

Choose other languages: