Quran Apps in many lanuages:

Surah An-Nisa Ayahs #166 Translated in Burmese

لَٰكِنِ الرَّاسِخُونَ فِي الْعِلْمِ مِنْهُمْ وَالْمُؤْمِنُونَ يُؤْمِنُونَ بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ ۚ وَالْمُقِيمِينَ الصَّلَاةَ ۚ وَالْمُؤْتُونَ الزَّكَاةَ وَالْمُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ أُولَٰئِكَ سَنُؤْتِيهِمْ أَجْرًا عَظِيمًا
သို့ရာတွင် ၎င်း (ယဟူဒီ) တို့အနက်မှ ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ခြေမြစ်ခိုင်မာရင့်သန်ကြ၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သောသူတို့သည် အသင့်ထံ ထုတ်ပြန် ချမှတ်ပြီးဖြစ်သော ကျမ်းဂန်ကိုလည်းကောင်း၊ အသင်၏အလျင် (အခြားအခြားသောနဗီတမန်တော်များထံ ထုတ်ပြန်ချမှတ်ပြီးဖြစ်သော ကျမ်းဂန်တို့ကိုလည်ကောင်း၊ ယုံကြည်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် ‘ဆွလာသ်’ဝတ်ပြုမှုကို အမြဲထာဝစဉ် ဆောက်တည်သူများလည်း ဖြစ်ကြကုန်၏။ ထိုမှတစ်ပါးတုံ ‘ဇကာသ်’ တရားဝင်ဒါနကြေးကို ပေးဆောင်သူများလည်းဖြစ်ကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြသူများလည်း ဖြစ်ကြ၏။ ဤကဲ့သို့သောသူများပင်တည်း။ ငါအရှင်မြတ်သည် မုချ ယင်းသူတို့အား ကြီးကျယ် လှစွာသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။ (ရကူ)
إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَىٰ نُوحٍ وَالنَّبِيِّينَ مِنْ بَعْدِهِ ۚ وَأَوْحَيْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَارُونَ وَسُلَيْمَانَ ۚ وَآتَيْنَا دَاوُودَ زَبُورًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်နှင့် ယင်း (နဗီတမန်တော် နူဟ်) ၏နောက်၌ ပ�င့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စမာအီလ်၊ (နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊ (ထို နဗီတမန်တော်ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင် ပွင့်လေသော နဗီတမန်တော်များ) ၊ (နဗီတမန်တော်) အီစာ၊ (နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊ (နဗီတမန်တော်) ဟာရူန်နှင့် (နဗီတမန်တော်) ဆူလိုင်မာန်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။
وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِنْ قَبْلُ وَرُسُلًا لَمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا
၎င်းပြင် (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်) ။ ထိုရစူလ်တမန်တော်များ၏အကြောင်း အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် ယခင်မူလက အသင်၏ရှေ့ဝယ် ပြောပြတော်မူခဲ့ဖူး၏။ ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) အကြင်ရစူလ်တမန်တော်များထံသို့လည်း (ဝဟ်ယ် အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသည်၊) ထိုရစူလ်တမန်တော်များ၏အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် ဖေါ်ပြတော်မူခဲ့ဖူးသည်မရှိချေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) မူစာနှင့် (အထူးသဖြင့်) စကား ပြောဆိုတော်မူခဲ့လေသတည်း။
رُسُلًا مُبَشِّرِينَ وَمُنْذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် (‘ကိယာမတ်’ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
لَٰكِنِ اللَّهُ يَشْهَدُ بِمَا أَنْزَلَ إِلَيْكَ ۖ أَنْزَلَهُ بِعِلْمِهِ ۖ وَالْمَلَائِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ‘မလာအိကဟ်’ အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။

Choose other languages: