Quran Apps in many lanuages:

Surah An-Naziat Ayahs #25 Translated in Burmese

فَكَذَّبَ وَعَصَىٰ
သို့ပါလျက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့သည့်ပြင် (ထိုနဗီတမန်တော်မူစာ၏ ဟောကြားချက်များကိုလည်း) ဖီဆန်ခဲ့လေသည်။
ثُمَّ أَدْبَرَ يَسْعَىٰ
ထို့နောက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) ကျောခိုင်း၍ (ကမ္ဘာမြေဝယ် ဆူပူ သောင်းကျန်းရန်) ကြိုးပမ်းလေတော့သည်။
فَحَشَرَ فَنَادَىٰ
ထို့နောက် ထိုဖစ်ရ်အောင်န်သည် (ပဉ္စလက်ဆရာများကိုလည်းကောင်း၊ စစ်သည် ရဲမက်တို့ကို လည်းကောင်း၊) စုရုံးပြီးလျှင် (အသံကျယ်စွာ) ဟစ်အော်ခဲ့လေသည်။
فَقَالَ أَنَا رَبُّكُمُ الْأَعْلَىٰ
ထို့နောက် ၎င်း(ဖစ်ရ်အောင်န်)က "ကျွန်ုပ်သည်ပင် အသင်တို့၏ မြင့်မြတ်ဆုံးသောအရှင် ဖြစ်သည်" ဟုပြောဆို(ကြေညာ)ခဲ့လေသည်။
فَأَخَذَهُ اللَّهُ نَكَالَ الْآخِرَةِ وَالْأُولَىٰ
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား အာခိရတ်တမလွန်ဘဝ၏ ပြစ်ဒဏ်၌လည်းကောင်း၊ လောကီဘဝ၏ပြစ်ဒဏ်၌လည်းကောင်း၊ ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသည်။

Choose other languages: