Quran Apps in many lanuages:

Surah An-Najm Ayahs #52 Translated in Burmese

وَأَنَّهُ هُوَ أَغْنَىٰ وَأَقْنَىٰ
အမှန်ဧကန် ထိုအရှင်မြတ်သည် ကုံလုံကြွယ်ဝစေတော်မူသည်၊ ဆင်းရဲနွမ်းပါးစေ- ဥစ္စာပစ္စည်းချီးမြှင့် ပေးသနား တည်မြဲစေတော်မူသည်ဟူ၍ လည်းကောင်း၊
وَأَنَّهُ هُوَ رَبُّ الشِّعْرَىٰ
အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင် ‘ရှစ်အ်ရာ’(လုဒ္ဒက)ကြယ်ကို ဖန်ဆင်းတော်မူသော အရှင်မြတ် ဖြစ်တော်မူသည် ဟူ၍လည်းကောင်း၊
وَأَنَّهُ أَهْلَكَ عَادًا الْأُولَىٰ
မလွဲဧကန် ထိုအရှင်မြတ်သည်ပင် ပထမ’အာဒ်’အမျိုးသားတို့အား ဖျက်ဆီးတော်မူခဲ့သည်ဟူ၍ လည်းကောင်း၊
وَثَمُودَ فَمَا أَبْقَىٰ
(ထိုအရှင်မြတ်သည်ပင်) ‘ဆမူဒ်’ အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့ပေရာ) တစ်ဦးတစ်ယောက်ကိုမျှ ခြွင်းချန်တော်မူခဲ့သည် မဟုတ်ပေ။
وَقَوْمَ نُوحٍ مِنْ قَبْلُ ۖ إِنَّهُمْ كَانُوا هُمْ أَظْلَمَ وَأَطْغَىٰ
ထိုနည်းတူစွာ ရှေးအထက်ကျော်ကာလ၌ ‘နူဟ်’၏အမျိုးသားတို့အားလည်း (ဖျက်ဆီးတော်မူခဲ့၏)။ ဧကန်စင်စစ် ထို ‘နူဟ်’ ၏အမျိုးသားတို့မှာ ပိုမို၍ပင် မတရားသောသူများ၊ ပိုမို၍ပင် ဆိုးသွမ်းသူများ ဖြစ်ခဲ့ကြကုန်၏။

Choose other languages: