Quran Apps in many lanuages:

Surah An-Nahl Ayahs #77 Translated in Burmese

وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ
ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အကြင်ကဲ့သို့သောအရာများကို ဆည်းကပ်ကိုးကွယ်ကြမည်။အရာများသည် ၎င်းတို့အား မိုးကောင်းကင်များမှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ ရိက္ခာပို့ဆောင်ခြင်းတစ်စုံတစ်ရာကိုမျှပြုနိုင်ခွင့်လည်းမရှိချေ။ ပြုနိုင်စွမ်းလည်းမရှိကြချေ။
فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဥပမာ ပုံဆောင်ချက်များကို မခိုင်းနှိုင်းကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် သိတော်မူ၏။ သို့ရာတွင် အသင်တို့မူကား မသိကြချေ။
ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَىٰ شَيْءٍ وَمَنْ رَزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် ဥပမာတစ်ရပ်ကို ခိုင်းနှိုင်းတော်မူခဲ့၏။ (ယင်းဥပမာကား)သူတစ်ပါးပိုင် ကျွန်တစ်ယောက်ရှိ၏။ ထိုကျွန်သည် မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်ခွင့်မရှိချေ။ ထို့ပြင် ငါအရှင်မြတ်က မိမိအထံတော်မှရိက္ခာပေါများစွာ ချီးမြှင့်ထားတော်မူသောသူတစ်ယောက်ရှိ၏။ထိုသူသည်ယင်းရိက္ခာများမှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ လှူဒါန်းသုံးစွဲ၏။ ၎င်းတို့သည် တူညီနိုင်ကြပါမည်လော။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် ၎င်းတို့အနက်အများဆုံးသောသူတို့မှာ မသိနားမလည်ကြချေတကား။
وَضَرَبَ اللَّهُ مَثَلًا رَجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَىٰ شَيْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَاهُ أَيْنَمَا يُوَجِّهْهُ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِي هُوَ وَمَنْ يَأْمُرُ بِالْعَدْلِ ۙ وَهُوَ عَلَىٰ صِرَاطٍ مُسْتَقِيمٍ
ထိုနည်းတူစွာ အလ္လာဟ် အရှင်မြတ်သည်(အခြား) ဥပမာတစ်ရပ်ကို(လည်း)ခိုင်းနှိုင်းတော်မူခဲ့လေသည်(ယင်းဥပမာကား) လူနှစ်ယောက်ရှိကြ၏။ မိမိအရှင်သခင်အပေါ်၌ ဝန်ထုပ်တစ်ခုလည်း ဖြစ်လျက်ရှိပေသည်။ ထိုသခင်သည် ၎င်းအား မည်သည့်နေရာသို့မဆို စေလွှတ်ခဲ့ပါလျှင် ထိုသူသည် တစ်စုံတစ်ရာ ကောင်းကျိုးကို ဆောင်ကြဉ်းလာသည်မရှိချေ။ ထိုသို့သောသူသည်(သူတစ်ပါးတို့အား)တရားမျှတမှုကို ညွှန်ကြားသည့်ပြင် မိမိကိုယ်တိုင်လည်း ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ တည်ရှိနေသောသူနှင့် တူညီနိုင်ပါမည်လော။ (အလျင်းမတူနိုင်ပေ)။
وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်သော်ကား မိုးကောင်းကင်များ၌ ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုမှတစ်ပါး ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျှင် လျင်မြန်စွာဖြစ်မည်။ ထိုသို့အလျင်း မဟုတ်။ စင်စစ်မှာကား (ထိုထက်ပင်)ပို၍လျင်မြန်စွာ ဖြစ်မည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: