Quran Apps in many lanuages:

Surah An-Nahl Ayahs #112 Translated in Burmese

أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَارِهِمْ ۖ وَأُولَٰئِكَ هُمُ الْغَافِلُونَ
ဤသူများတွင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများအပေါ်၌ လည်းကောင်း၊ နားများအပေါ်၌လည်းကောင်း၊ မျက်စိ များအပေါ်၌လည်းကောင်း၊ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးဤသူများပင် (လောကီဘဝ၌ ပျော်မြူးလျက် တမလွန်ဘဝကို)လျစ်လျူရှုနေကြသူများ ဖြစ်ကြကုန်သတည်း။
لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ
ဧကန်စင်စစ် ၎င်းတို့သည် နောင်တမလွန် ဘဝတွင် နစ်နာဆုံးရှုံးသူများဖြစ်ကြရမည်မှာ မလွဲမရှောင်သာ(သောကိစ္စပင်)ဖြစ်ပေသည်။
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِنْ بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။
يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَنْ نَفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
(ဤကျိုးပြစ်ပေးခြင်းသည် အကြင်နေ့တွင် ဖြစ်ပေမည်။) ထိုနေ့တွင် လူတိုင်းလူတိုင်းသည် မိမိဘက်မှသာလျှင်(ဝါ)မိမိကိုယ်ကိုကာကွယ်၍သာလျှင် ငြင်းခုံပြောဆိုလျက် လာပေမည်။ ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိကျင့်မူခဲ့သောအကျင့်အမူများ(၏အကျိုးအပြစ်)ကို အပြည့်အစုံပေးခြင်းကိုခံရပေမည်။ အမှန်စင်စစ် ၎င်းတို့သည် မတရား ပြုလုပ်ခြင်းကိုလုံးဝခံကြရမည် မဟုတ်ပေ။
وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာနှင့်စပ်လျဉ်း၍ ပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော် မူလေသည်။ ထိုရွာ(သူရွာသားတို့)သည် ဘေးရန်ကင်းငြိမ်းလျက် နှစ်သိမ့်ပျော်မွေ့စွာရှိခဲ့(ကြကုန်)သည်။ ယင်းရွာ(သူရွာသားတို့ထံ)သို့ ယင်း(ရွာသူရွာသားတို့)၏ စားနပ်ရိက္ခာသည် နေရာတိုင်းမှ ဖောသီစွာရောက် ရှိလျက်ရှိလေသည်။ သို့ရာတွင် ယင်းရွာ(သူရွာသားတို့)မူကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး တော်များကို ငြင်းပယ်ခဲ့(ကြ)လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားတို့)အား ထိုသူတို့၏ အကျင့်အမူတို့ကြောင့် ဆာလောင်မှုကိုလည်းကောင်း၊ ကြောက်ရွံ့ ထိတ်လန့်မကိုလည်းကောင်း၊ မြည်းစမ်းစေတော် မူခဲ့ပေသတည်း။

Choose other languages: