Quran Apps in many lanuages:

Surah An-Nahl Ayahs #105 Translated in Burmese

وَإِذَا بَدَّلْنَا آيَةً مَكَانَ آيَةٍ ۙ وَاللَّهُ أَعْلَمُ بِمَا يُنَزِّلُ قَالُوا إِنَّمَا أَنْتَ مُفْتَرٍ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
၎င်းပြင် ငါအရှင်မြတ်သည် အာယတ်တော်တစ်ပုဒ်ကို အာယတ်တော်တစ်ပုဒ်၏ နေရာတွင် ပြောင်းလဲတော်မူသောအခါ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိချပေးတော်မူသော အမိန့်ပညတ်တော်ကို အသိတော်မူဆုံးပင်ချပေးတော်မူသော အမိန့်ပညတ်တော်ကို အသိတော်မူဆုံးပင်ဖြစ်တော်မူ၏။ ယင်း (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့ကအသင်သည် ကြံဖန်လီဆယ်သူမျှသာဖြစ်သည်ဟု ပြောဆိုကြကုန်၏။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့အနက်အများဆုံးသောသူတို့သည် မသိနားမလည်ကြပေ။
قُلْ نَزَّلَهُ رُوحُ الْقُدُسِ مِنْ رَبِّكَ بِالْحَقِّ لِيُثَبِّتَ الَّذِينَ آمَنُوا وَهُدًى وَبُشْرَىٰ لِلْمُسْلِمِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို ဖြေကြားပါလေ။ ထိုအာယတ်တော်ကို ရူဟုလ်ကုဒွတ်စ် (ကောင်းကင်တမန်ဂျစ်ဗ်ရီလ်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်အထံတော်မှ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား တည်တံ့မြဲမြံစေခြင်း ငှာလည်းကောင်း၊ (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန် အဖြစ်လည်းကောင်း၊ သတင်းကောင်းအဖြစ်လည်းကောင်း၊ (တိကျ)မှန်ကန်စွာချပေးခဲ့လေသတည်း။
وَلَقَدْ نَعْلَمُ أَنَّهُمْ يَقُولُونَ إِنَّمَا يُعَلِّمُهُ بَشَرٌ ۗ لِسَانُ الَّذِي يُلْحِدُونَ إِلَيْهِ أَعْجَمِيٌّ وَهَٰذَا لِسَانٌ عَرَبِيٌّ مُبِينٌ
၎င်းပြင် ဧကန်စင်စစ် ၎င်းတို့သည် ထို(နဗီတမာန်တော်မုဟမ္မဒ်)အား လူတစ်ယောက်က သင်ကြားပို့ချ၍ပေးသည်ဟု ပြောဆိုကြသည်ကို ဧကန်မလွဲ ငါအရှင်မြတ်သည်ကောင်းစွာ သိရှိတော်မူပေသည်။ (စင်စစ်)၎င်းတို့စောင်းမြောင်းရည်ညွှန်း ပြောဆိုကြကုန်သောသူ၏ဘာသာစကားမှာမူနိုင်ငံခြား ဘာသာစကားပင် ဖြစ်ပေသည်။ သို့ရာတွင် ဤအာယတ်တော်တွင်မူကား ရှင်းလင်းပြေပြစ်သော အရဗီဘာသာစကားပင် ဖြစ်လေသည်။
إِنَّ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ لَا يَهْدِيهِمُ اللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မယုံကြည်ကြပေ။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို ပြတော်မူမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်(လည်း) ရှိချေအံ့ သတည်း။
إِنَّمَا يَفْتَرِي الْكَذِبَ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْكَاذِبُونَ
အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုမယုံကြည်သောသူတို့သည်သာလျှင် မုသားကို ကြံဖန်လီဆယ်၍ပြောဆိုကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်သာလျှင် မုသာဝါဒီများ ဖြစ်ကြကုန်သတည်း။

Choose other languages: