Quran Apps in many lanuages:

Surah An-Naba Ayahs #10 Translated in Burmese

أَلَمْ نَجْعَلِ الْأَرْضَ مِهَادًا
(စင်စစ် ကိယာမတ်မဖြစ်နိုင်ဟု ငြင်းပယ်ခြင်းသည် ငါအရှင်မြတ်၏ တန်ခိုးတော်ကို ငြင်းပယ် စော်ကားခြင်းသာ ဖြစ်ပေသည်။ ငါအရှင်မြတ်၏ ထူးကဲ ဆန်းပြားလှစွာသော တန်ခိုးတော်ကို ၎င်းတို့သည် မတွေ့ကြလေသလော၊)ငါအရှင်မြတ်သည်သာလျှင် ပထဝီမြေကို (လူသတ္တဝါ အပေါင်းတို့၏အကျိုးငှာ) အခင်း ပြုလုပ်တော်မူခဲ့သည် မဟုတ်လော။
وَالْجِبَالَ أَوْتَادًا
၎င်းပြင် (ငါအရှင်မြတ်သည်ပင် ယင်းပထဝီ မြေတည်ငြိမ်အံ့သောငှာ) တောင်များကို သတ်များ၊ ငုတ်များ၊(ပြုလုပ်တော်မူခဲ့သည် မဟုတ်လော)။
وَخَلَقْنَاكُمْ أَزْوَاجًا
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် အသင်တို့အား (ယောက်ျားနှင့် မိန်းမဟူ၍) အစုံ၊ အစုံ (စုံတွဲများ) ဖန်ဆင်းတော်မူခဲ့၏။
وَجَعَلْنَا نَوْمَكُمْ سُبَاتًا
၎င်းပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့၏အိပ်စက်ခြင်းကို (အသင်တို့အဖို့) အပန်းဖြေမှု ပြုလုပ်တော်မူခဲ့၏။
وَجَعَلْنَا اللَّيْلَ لِبَاسًا
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ညဉ့်ကို(အသင်တို့အကျိုးငှာ) ဝတ်ရုံ(အကာအကွယ်) ပြုလုပ်တော်မူခဲ့၏။

Choose other languages: