Quran Apps in many lanuages:

Surah Al-Qasas Ayahs #64 Translated in Burmese

وَمَا أُوتِيتُمْ مِنْ شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا وَزِينَتُهَا ۚ وَمَا عِنْدَ اللَّهِ خَيْرٌ وَأَبْقَىٰ ۚ أَفَلَا تَعْقِلُونَ
စင်စစ် အသင်တို့ပေးသနားတော်မူခြင်း ခံကြရသောအရာများမှာ ဤပစ္စုပ္ပန်လောကီဘဝ၏ အသုံးအဆောင်နှင့် ဤပစ္စုပ္ပန်လောကီဘဝ၏ တင့်တယ်မှုမျှသာ ဖြစ်ကြပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာများမှာမူကား အကောင်းဆုံး ဖြစ်ကြသည့်ပြင် အခိုင်အမြဲဆုံးလည်းဖြစ်ကြကုန်၏။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်)မသိ နားမလည်ကြလေသလော။
أَفَمَنْ وَعَدْنَاهُ وَعْدًا حَسَنًا فَهُوَ لَاقِيهِ كَمَنْ مَتَّعْنَاهُ مَتَاعَ الْحَيَاةِ الدُّنْيَا ثُمَّ هُوَ يَوْمَ الْقِيَامَةِ مِنَ الْمُحْضَرِينَ
သို့ဖြစ်ပေရာ အကြင်သူအား ငါအရှင်မြတ်သည် ကောင်းမြတ်သောကတိ ပေးတော်မူခဲ့၏။ တစ်ဖန် ထိုသူသည် ယင်းကတိပေးချက်အတိုင်း တွေ့ကြုံ(ခံစား)ရမည့်သူလည်းဖြစ်၏။ ထိုသူသည် အကြင်သူကဲ့သို့ ဖြစ်နိုင်မည်လော။ ငါအရှင်မြတ်သည် ထိုသူအား ဤမျက်မှောက် လောကီဘဝ၏ အကျိုးခံစားခွင့်ကို ပေးတော်မူခဲ့၏။ ထို့နောက် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် ထိုသူမှာ ဖမ်းဆီး၍ ရှေ့တော်မှောက် သွင်းခြင်းကို ခံကြရသောသူတို့အနက်မှ ဖြစ်ချေမည်။
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تَزْعُمُونَ
အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား’အသင်တို့ ထင်မှတ်(ကိုးကွယ်)လျက် ရှိခဲ့ကြကုန်သော ငါအရှင်မြတ်၏ တွဲဖက်များသည် အဘယ်မှာနည်း’ ဟု ဟစ်ခေါ်မိန့်ကြားတော်မူပေမည်။
قَالَ الَّذِينَ حَقَّ عَلَيْهِمُ الْقَوْلُ رَبَّنَا هَٰؤُلَاءِ الَّذِينَ أَغْوَيْنَا أَغْوَيْنَاهُمْ كَمَا غَوَيْنَا ۖ تَبَرَّأْنَا إِلَيْكَ ۖ مَا كَانُوا إِيَّانَا يَعْبُدُونَ
(ထိုအခါ) အကြင်သူတို့က ထိုသူတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်တော်သည် သက်ရောက်ခဲ့လေပြီ ဟုလျှောက်ထားကြလေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဤသူတို့ကိုပင် ကျွန်တော်မျိုးတို့သည် လမ်းလွဲစေခဲ့ကြပါသည်။ (အမှန်မှာ) ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်တိုင် လမ်းမှားခဲ့ကြသည့်နည်းတူ ၎င်းတို့အားလည်း လမ်းလွဲစေခဲ့ကြခြင်းသာဖြစ်ပါသည်။ (ယခုသော်ကား)အရှင်မြတ်၏ရှေ့တော်မှောက်၌ (၎င်းတို့နှင့်ကျွန်တော်မျိုး တို့မှာမည်သို့မျှ)မပက်သက်ကြောင်း လျှောက်ထားပါသည်။ (စင်စစ်)၎င်းတို့မှာ ကျွန်တော်မျိုးတို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်မဟုတ်ပါ။
وَقِيلَ ادْعُوا شُرَكَاءَكُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَرَأَوُا الْعَذَابَ ۚ لَوْ أَنَّهُمْ كَانُوا يَهْتَدُونَ
ထိုမှတစ်ပါး (၎င်းတို့မှာ) ‘အသင်တို့သည် မိမိတို့(ဆည်းကပ်ကိုးကွယ်ခဲ့ကြကုန်သော)တွဲဖက်များအား ခေါ်ယူကြလေကုန်’ ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရပေမည်။ ထိုအခါ ၎င်းတို့သည် ထိုတွဲဖက်များအား ဟစ်ခေါ်ကြငြားလည်း ထိုတွဲဖက်များက ၎င်းတို့အား ပြန်၍ထူးကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်)တွေ့မြင်ကြပေမည်။ အကယ်၍သာ ၎င်းတို့သည်(လောကီဘဝ၌ အသက်ထင်ရှားရှိခဲ့ကြစဉ်အခါ၌) တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ခဲ့ကြပါလေသော်(ထိုပြစ်ဒဏ်ကို တွေ့မြင်ကြရမည် မဟုတ်ပေတကား)။

Choose other languages: