Quran Apps in many lanuages:

Surah Al-Qasas Ayahs #50 Translated in Burmese

وَمَا كُنْتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِنْ رَحْمَةً مِنْ رَبِّكَ لِتُنْذِرَ قَوْمًا مَا أَتَاهُمْ مِنْ نَذِيرٍ مِنْ قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။
وَلَوْلَا أَنْ تُصِيبَهُمْ مُصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့အပေါ်၌ ၎င်းတို့ကြိုတင်ပို့နှင့်ခဲ့ကြသော(ပြစ်မှုများ)ကြောင့် ဒုက္ခတစ်စုံတစ်ရာ သက်ရောက်လာသောအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ အမိန့်တော်များကိုလိုက်နာ ကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများတွင် အပါအဝင် ဖြစ်ကြပါမည်ဟု မပြောဆိုကြပါလျှင် (ငါအရှင်မြတ်သည် ရစူလ်တမန်တော်ကို စေလွှတ်တော်မူမည် မဟုတ်ပေ)။
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِنْ قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ
သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို ချီးမြှင့်ပေးသနားတော်မူခြင်း မခံခဲ့ရပါသနည်းဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ယခင်က တမန်တော်မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသောအရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်လော။ ၎င်းတို့က (တောင်ရာတ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ရိုင်းပင်းထောက်ခံသော ပဉ္စလက်အတတ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကိုငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
قُلْ فَأْتُوا بِكِتَابٍ مِنْ عِنْدِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِنْ كُنْتُمْ صَادِقِينَ
(အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)(အချင်းတို့၊) အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤ(တောင်ရာတ်နှင့်ကုရ်အာန်) နှစ်စောင်လုံးထက် ပိုမို၍တရားလမ်းညွှန်ဖြစ်သော ကျမ်းဂန်တစ်စောင်ကို ဆောင်ကြဉ်းခဲ့ကြလေကုန်။ ငါသည် ယင်းကျမ်းဂန်နှင့်အညီ လိုက်နာပါမည်ဟု ပြောကြားပါလေ။
فَإِنْ لَمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူခဲ့ကြပါလျှင် ၎င်းတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်စားသူများသာလျှင် ဖြစ်ကြသည်ဟူ၍သာ အသင်သည် မှတ်ယူပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ တရားလမ်းညွှန်ခြင်း တစ်စုံတစ်ရာမျှ မရှိဘဲလျက် မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသောသူထက် ပိုမို၍လမ်းလွဲမှားသောသူဟူ၍ကား မည်သူရှိပါအံ့နည်း။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျူးကျော်စော်ကားသော အမျိုးသားတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။

Choose other languages: