Quran Apps in many lanuages:

Surah Al-Qasas Ayahs #15 Translated in Burmese

وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَنْ جُنُبٍ وَهُمْ لَا يَشْعُرُونَ
၎င်းပြင် ထို(မူစာ၏)မိခင်သည် ထိုမူစာ၏အစ်မအား အသင်သည် ၎င်းမူစာ၏နောက်သို့ လိုက်၍သွားလေဟုပြောဆိုခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏)အစ်မသည် ၎င်းမူစာအား အဝေးမှ(စောင့်၍)ကြည့်နေခဲ့လေ၏။ သို့ရာတွင်၎င်း(ဖစ်ရ်အောင်န်၏အိမ်သူအိမ်သား)တို့သည် (ထိုမူစာ၏အစ်မအား မူစာ၏အစ်မဖြစ်သည်ဟူ၍) မသိကြပေ။
وَحَرَّمْنَا عَلَيْهِ الْمَرَاضِعَ مِنْ قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰ أَهْلِ بَيْتٍ يَكْفُلُونَهُ لَكُمْ وَهُمْ لَهُ نَاصِحُونَ
စင်စစ် ငါအရှင်မြတ်သည် မူလကပင် ထိုမူစာ၏အပေါ်၌ နို့ထိန်းသည်တို့၏နို့ရည်ကို (မစို့ရန်) တားမြစ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏) အစ်မက ကျွန်ုပ်သည် အသင်တို့အား ထိုကလေးသူငယ်ကို အသင်တို့အဖို့ မွေးမြူစောင့်ရှောက်၍ ပေးကြမည့်ပြင်၊ ထိုကလေးသူငယ်၏ ကောင်းကျိုးကို လိုလားသူများဖြစ်ကြသော အိမ်ထောင်သားချင်းတို့ကို ညွှန်ပြရပါမည်လောဟု ဆိုခဲ့လေ၏။
فَرَدَدْنَاهُ إِلَىٰ أُمِّهِ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထို့နောက် ထိုမိခင်၏မျက်စိ အေးမြကြည်လင်စေရန်လည်းကောင်း၊ ထိုမိခင် ပူဆွေးမနေရန်လည်းကောင်း၊ အမှန်မုချ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သည်ကို ထိုမိခင်(လက်တွေ့)သိရှိရန်လည်းကောင်း၊ ငါအရှင်မြတ်သည် (မိမိထားရှိတော်မူသော ကတိတော်အတိုင်း) ထိုသားငယ်အား ၎င်း၏ မိခင်ထံ ပြန်ပို့ပေးတော်မူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် များစွာသောသူများသည် မသိကြပေ။
وَلَمَّا بَلَغَ أَشُدَّهُ وَاسْتَوَىٰ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
တစ်ဖန် ထိုမူစာသည် မိမိလူလားမြောက်သော အရွယ်သို့ရောက်ရှိပြီး (အသိဉာဏ်) ရင့်သန်လာသောအခါ၊ ငါအရှင်မြတ်သည် ထိုမူစာအား ဉာဏ် အမြော်အမြင်ကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးတော်မူသည်။
وَدَخَلَ الْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِنْ شِيعَتِهِ وَهَٰذَا مِنْ عَدُوِّهِ ۖ فَاسْتَغَاثَهُ الَّذِي مِنْ شِيعَتِهِ عَلَى الَّذِي مِنْ عَدُوِّهِ فَوَكَزَهُ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ الشَّيْطَانِ ۖ إِنَّهُ عَدُوٌّ مُضِلٌّ مُبِينٌ
၎င်းပြင် ထိုမူစာသည် (အရွယ်ရောက်ပြီး နောက်တစ်နေ့သ၌) မြို့တွင်းသို့ ထိုမြို့သူမြို့သားတို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန် ဝင်ရောက်ခဲ့ရာ ယင်းမြို့တွင်း၌ စကားများရန်ဖြစ်နေကြသော လူနှစ်ယောက်အား တွေ့ရှိခဲ့ပေသည်။ (ထိုနှစ်ယောက်အနက်) ဤသူတစ်ယောက်မှာ ထိုမူစာ၏အုပ်စုထဲမှဖြစ်ပြီး၊ အခြားတစ်ယောက်မှာကား ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်ခဲ့ပေသည်။ သို့ဖြစ်ပေရာ ထိုမူစာ၏အုပ်စုမှဖြစ်သောသူက ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်သောသူနှင့်ဆန့်ကျင်၍ အပူတပြင်း အကူအညီတောင်းခံခဲ့လေသည်။ ထိုအခါ မူစာသည် ၎င်းရန်သူအုပ်စုမှ ဖြစ်သောသူအား လက်သီးဖြင့်ထိုးပြီး ၎င်းအား အဆုံးစီရင်လိုက်လေသည်။ ထိုမူစာက ဤသည် ရှိုင်တွာန်မိစ္ဆာ အပြုအမူပင်ဖြစ်သည်။ ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်မှာ ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။

Choose other languages: