Quran Apps in many lanuages:

Surah Al-Qamar Ayahs #51 Translated in Burmese

إِنَّ الْمُجْرِمِينَ فِي ضَلَالٍ وَسُعُرٍ
ဧကန်အမှန် ပြစ်မှုကျူးလွန်သူတို့သည် လမ်းလွဲမှု၌လည်းကောင်း၊ ဉာဏ်ကင်းမဲ့မှု၌ လည်းကောင်း၊ ရှိနေကြကုန်၏။
يَوْمَ يُسْحَبُونَ فِي النَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا مَسَّ سَقَرَ
၎င်းတို့သည် မှောက်လျက် ငရဲမီး၌ တရွတ် တိုက်ဆွဲချခြင်းကို ခံကြရသောနေ့တွင် ‘အသင်တို့သည် ငရဲမီး ထိရောက်ခြင်း၏ ရသာကို မြည်းစမ်းကြ ကုန်’(ဟု မိန့်ကြားတော်မူခြင်းကို ခံကြရလတ္တံ့)။
إِنَّا كُلَّ شَيْءٍ خَلَقْنَاهُ بِقَدَرٍ
ဧကန်မလွဲ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ချင့်ချိန်၍ ဖန်ဆင်းတော်မူခဲ့၏။
وَمَا أَمْرُنَا إِلَّا وَاحِدَةٌ كَلَمْحٍ بِالْبَصَرِ
စင်စစ်သော်ကား ငါအရှင်မြတ်၏ အမိန့်တော်မှာ တစ်ကြိမ်တည်း အမိန့်ပေးရုံကာမျှဖြင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်မြောက်သွားပေမည်။
وَلَقَدْ أَهْلَكْنَا أَشْيَاعَكُمْ فَهَلْ مِنْ مُدَّكِرٍ
မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့နှင့် ဝါဒတူတို့အား ကွပ်မျက်ဖျက်ဆီးတော်မူခဲ့ရာ တရားရယူသူများဟူ၍ ရှိကြပါသလော။

Choose other languages: