Quran Apps in many lanuages:

Surah Al-Qamar Ayahs #48 Translated in Burmese

أَمْ يَقُولُونَ نَحْنُ جَمِيعٌ مُنْتَصِرٌ
သို့တည်းမဟုတ် ၎င်းတို့က ‘ကျွန်ုပ်တို့သည်အောင်နိုင်မှု ရရှိကြအံ့သောအုပ်စုဖြစ်သည်’ ဟု ပြောဆိုကြလေသလော။
سَيُهْزَمُ الْجَمْعُ وَيُوَلُّونَ الدُّبُرَ
ယင်းအုပ်စုမှာ မကြာမြင့်မီမှာပင် အရေးရှုံးနိမ့်ကြပြီး ကျောခိုင်း၍ ထွက်ပြေးကြရပေမည်။
بَلِ السَّاعَةُ مَوْعِدُهُمْ وَالسَّاعَةُ أَدْهَىٰ وَأَمَرُّ
စင်စစ်မှာကား ‘ကိယာမတ်’ ရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့အား ချိန်းချက်ထားသော ချိန်းချက်မှုဖြစ်၏။ ထိုမှတစ်ပါး ‘ကိယာမတ်’ ရှင်ပြန် ထမည့်အချိန်ကာလသည် ပို၍ပင် ပြင်းထန်သည့်ပြင် ပို၍ပင် နာကြည်းဖွယ် ဖြစ်ပေသတည်း။
إِنَّ الْمُجْرِمِينَ فِي ضَلَالٍ وَسُعُرٍ
ဧကန်အမှန် ပြစ်မှုကျူးလွန်သူတို့သည် လမ်းလွဲမှု၌လည်းကောင်း၊ ဉာဏ်ကင်းမဲ့မှု၌ လည်းကောင်း၊ ရှိနေကြကုန်၏။
يَوْمَ يُسْحَبُونَ فِي النَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا مَسَّ سَقَرَ
၎င်းတို့သည် မှောက်လျက် ငရဲမီး၌ တရွတ် တိုက်ဆွဲချခြင်းကို ခံကြရသောနေ့တွင် ‘အသင်တို့သည် ငရဲမီး ထိရောက်ခြင်း၏ ရသာကို မြည်းစမ်းကြ ကုန်’(ဟု မိန့်ကြားတော်မူခြင်းကို ခံကြရလတ္တံ့)။

Choose other languages: