Quran Apps in many lanuages:

Surah Al-Qamar Ayahs #30 Translated in Burmese

سَيَعْلَمُونَ غَدًا مَنِ الْكَذَّابُ الْأَشِرُ
၎င်းတို့သည် မည်သူ လွန်စွာမုသားပြောဆို သူ၊ ဝင့်ကြွားသူ၊ ဖြစ်ကြောင်း မကြာမြင့်မီ နက်ဖြန်ပင် သိရှိကြရပေမည်။
إِنَّا مُرْسِلُو النَّاقَةِ فِتْنَةً لَهُمْ فَارْتَقِبْهُمْ وَاصْطَبِرْ
ဧကန်အမှန် ငါအရှင်မြတ် ၎င်းတို့အား စမ်းသပ်တော်မူရန် ကုလားအုတ်မကို စေလွှတ်တော်မူအံ့၊ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် ‘ဆွာလစ်ဟ်’၊) အသင်သည် ၎င်းတို့အားသည်းခံ၍ စောင့်စားပါလေ။
وَنَبِّئْهُمْ أَنَّ الْمَاءَ قِسْمَةٌ بَيْنَهُمْ ۖ كُلُّ شِرْبٍ مُحْتَضَرٌ
ထို့ပြင် အသင်သည် ၎င်းတို့အား ၎င်းတို့(၏တိရစ္ဆာန်များနှင့်ကုလားအုတ်မ)၏အကြား၌(အလှည့် ကျသောက်သုံးရန်) ရေခွဲဝေပြီးဖြစ်ကြောင်း၊ အလှည့်အတိုင်း အသီးသီး လာရောက်ကြရမည်ဖြစ်ကြောင်း သတင်းပေးပါလေ။
فَنَادَوْا صَاحِبَهُمْ فَتَعَاطَىٰ فَعَقَرَ
ထိုအခါ ၎င်းတို့သည် မိမိတို့အဖော်အား ဟစ်ခေါ်ခဲ့ရာ ထိုအဖော်သည် လာရောက်ပြီးလျှင် ကုလားအုတ်မ၏ ခြေများကို ဖြတ်တောက်ခဲ့လေ၏။
فَكَيْفَ كَانَ عَذَابِي وَنُذُرِ
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုများသည် မည်သို့ ရှိခဲ့ပေသနည်း။

Choose other languages: