Quran Apps in many lanuages:

Surah Al-Qamar Ayahs #32 Translated in Burmese

وَنَبِّئْهُمْ أَنَّ الْمَاءَ قِسْمَةٌ بَيْنَهُمْ ۖ كُلُّ شِرْبٍ مُحْتَضَرٌ
ထို့ပြင် အသင်သည် ၎င်းတို့အား ၎င်းတို့(၏တိရစ္ဆာန်များနှင့်ကုလားအုတ်မ)၏အကြား၌(အလှည့် ကျသောက်သုံးရန်) ရေခွဲဝေပြီးဖြစ်ကြောင်း၊ အလှည့်အတိုင်း အသီးသီး လာရောက်ကြရမည်ဖြစ်ကြောင်း သတင်းပေးပါလေ။
فَنَادَوْا صَاحِبَهُمْ فَتَعَاطَىٰ فَعَقَرَ
ထိုအခါ ၎င်းတို့သည် မိမိတို့အဖော်အား ဟစ်ခေါ်ခဲ့ရာ ထိုအဖော်သည် လာရောက်ပြီးလျှင် ကုလားအုတ်မ၏ ခြေများကို ဖြတ်တောက်ခဲ့လေ၏။
فَكَيْفَ كَانَ عَذَابِي وَنُذُرِ
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှုများသည် မည်သို့ ရှိခဲ့ပေသနည်း။
إِنَّا أَرْسَلْنَا عَلَيْهِمْ صَيْحَةً وَاحِدَةً فَكَانُوا كَهَشِيمِ الْمُحْتَظِرِ
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြင်းထန်လှစွာသော အသံတစ်ခုကိုသာလျှင် စေလွှတ်တော်မူခဲ့ရာ ၎င်းတို့သည် ကျွဲ၊ နွား တိရစ္ဆာန်များ နေထိုင်ရန် ခြံခတ်သူ၏ သွေ့ခြောက်ကြေမွနေသော သစ်ကိုင်းသစ်လက်များကဲ့သို့ ဖြစ်သွားခဲ့ကြကုန်၏။
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِنْ مُدَّكِرٍ
၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ် တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ် တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။

Choose other languages: