Quran Apps in many lanuages:

Surah Al-Qalam Ayahs #9 Translated in Burmese

فَسَتُبْصِرُ وَيُبْصِرُونَ
သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်သည်လည်း မြင်ရပေမည်၊ ၎င်းတို့သည်လည်း မြင်ကြရပေမည်။
بِأَيْيِكُمُ الْمَفْتُونُ
အသင်တို့အနက် မည်သူ၌ ရူးသွပ်ခြင်း ဝေဒနာရှိနေသည်ကို၊
إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ ချွတ်ချော်တိမ်းပါးခဲ့သောသူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုနည်းတူ ထိုအရှင်မြတ်သည်ပင်လျှင် တရားလမ်းမှန်ကို ရရှိကြသောသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။
فَلَا تُطِعِ الْمُكَذِّبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သော သူတို့၏ စကားကို နားမထောင်ပါလေနှင့်။
وَدُّوا لَوْ تُدْهِنُ فَيُدْهِنُونَ
၎င်းတို့သည် အကယ်၍ အသင် အလျှော့ပေး လိုက်လျောပါလျှင် ၎င်းတို့သည် အလျှော့ပေး လိုက်လျောလိုကြကုန်၏။

Choose other languages: