Quran Apps in many lanuages:

Surah Al-Qalam Ayahs #47 Translated in Burmese

خَاشِعَةً أَبْصَارُهُمْ تَرْهَقُهُمْ ذِلَّةٌ ۖ وَقَدْ كَانُوا يُدْعَوْنَ إِلَى السُّجُودِ وَهُمْ سَالِمُونَ
ထိုသူတို့၏မျက်စိများသည် အောက်သို့ စိုက်လျက်ရှိပေသည်၊ ဂုဏ်ရည်သိမ်ဖျင်းမှုက ထိုသူတို့အား ဖုံးလွှမ်းလျက်ရှိပေမည်။ စင်စစ်သော်ကား ၎င်းတို့သည် ပကတိကျန်းမာစွာ ရှိနေကြစဉ်အခါ၌ "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းကို ခံခဲ့ကြရကုန်၏။
فَذَرْنِي وَمَنْ يُكَذِّبُ بِهَٰذَا الْحَدِيثِ ۖ سَنَسْتَدْرِجُهُمْ مِنْ حَيْثُ لَا يَعْلَمُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ဤသည့်အာယတ်တော်ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်သူတို့အား ငါအရှင်မြတ်နှင့်ပင် လွှတ်ထားပါလေ။ အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့မသိကြသော-နည်းဖြင့်၊ နေရာမှ၊ တဖြည်းဖြည်း ဆွဲချတော်မူမည်။
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏၊ ဧကန်မလွဲ ငါအရှင်မြတ်၏ အကြံအစည်သည် လွန်စွာခိုင်မြဲလှ၏။
أَمْ تَسْأَلُهُمْ أَجْرًا فَهُمْ مِنْ مَغْرَمٍ مُثْقَلُونَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့ထံ အကျိုးကျေးဇူး တစ်စုံတစ်ရာကို တောင်းဆိုသဖြင့် ၎င်းတို့သည် ဒဏ်ငွေဆောင်မှုကြောင့် ဖိစီးခြင်းခံနေ ကြရလေသလော။
أَمْ عِنْدَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ
သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာ)ရှိနေသဖြင့် ၎င်းတို့သည် ရေးမှတ်ယူကြလေသလော။

Choose other languages: