Quran Apps in many lanuages:

Surah Al-Qalam Ayahs #49 Translated in Burmese

وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏၊ ဧကန်မလွဲ ငါအရှင်မြတ်၏ အကြံအစည်သည် လွန်စွာခိုင်မြဲလှ၏။
أَمْ تَسْأَلُهُمْ أَجْرًا فَهُمْ مِنْ مَغْرَمٍ مُثْقَلُونَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့ထံ အကျိုးကျေးဇူး တစ်စုံတစ်ရာကို တောင်းဆိုသဖြင့် ၎င်းတို့သည် ဒဏ်ငွေဆောင်မှုကြောင့် ဖိစီးခြင်းခံနေ ကြရလေသလော။
أَمْ عِنْدَهُمُ الْغَيْبُ فَهُمْ يَكْتُبُونَ
သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာ)ရှိနေသဖြင့် ၎င်းတို့သည် ရေးမှတ်ယူကြလေသလော။
فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تَكُنْ كَصَاحِبِ الْحُوتِ إِذْ نَادَىٰ وَهُوَ مَكْظُومٌ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအရှင်မြတ်၏ စီရင်ပြဋ္ဌာန်းချက်ကို စောင့်စားသောအားဖြင့် သည်းခံ၍နေပါလေ။ ၎င်းပြင် အသင်သည် ငါးရှင်ကဲ့သို့ မဖြစ်ပါလေနှင့်။ တရံရောအခါဝယ် ထိုငါးရှင်သည် ဒုက္ခကို ကျိတ်မှိတ်ခံစားလျက်ရှိနေစဉ် မိမိအရှင်မြတ်အား ဟစ်ခေါ်(တမ်းတ)ခဲ့လေ၏။
لَوْلَا أَنْ تَدَارَكَهُ نِعْمَةٌ مِنْ رَبِّهِ لَنُبِذَ بِالْعَرَاءِ وَهُوَ مَذْمُومٌ
အကယ်၍သာလျှင် ထိုငါးရှင်အား ၎င်း၏အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် သက်ရောက်ခဲ့သည်မရှိမူ အမှန်ပင် ထိုငါးရှင်မှာ အခြေမလှဖြစ်လျက် သစ်ပင်၊ ဝါးပင်၊ အိုးအိမ်စသည် (လုံးဝ)မရှိသော လွင်ပြင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရမည်သာ။

Choose other languages: