Quran Apps in many lanuages:

Surah Al-Qalam Ayahs #45 Translated in Burmese

أَمْ لَهُمْ شُرَكَاءُ فَلْيَأْتُوا بِشُرَكَائِهِمْ إِنْ كَانُوا صَادِقِينَ
သို့တည်းမဟုတ် ၎င်းတို့ထံတွင် (၎င်းတို့ ဖန်တီးထားသော) တွဲဖက် နှိုင်းယှဉ်ဖက်များ ရှိကြလေသလော၊ သို့ရှိလျှင် ၎င်းတို့သည် သစ္စာဝါဒီများ ဖြစ်ကြပါမူ ထိုတွဲဖက် နှိုင်းယှဉ်ဖက်တို့အား ခေါ်ဆောင်လာကြရာသတည်း။
يَوْمَ يُكْشَفُ عَنْ سَاقٍ وَيُدْعَوْنَ إِلَى السُّجُودِ فَلَا يَسْتَطِيعُونَ
အကြင်နေ့ကို (ပြန်လည် သတိပြုကြလေကုန်၊)ထိုနေ့တွင် ခြေသလုံးဖွင့်လှစ်ခြင်းခံရပေမည်။ ထို့ပြင် ၎င်းတို့သည် ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချရန် ဆင့်ခေါ်ခြင်းကို ခံကြရပေမည်။ သို့တစေလည်း ၎င်းတို့မှာမူကား (စဂျ်ဒဟ်) ပြုစွမ်းနိုင်ကြမည် မဟုတ်ပြီ။
خَاشِعَةً أَبْصَارُهُمْ تَرْهَقُهُمْ ذِلَّةٌ ۖ وَقَدْ كَانُوا يُدْعَوْنَ إِلَى السُّجُودِ وَهُمْ سَالِمُونَ
ထိုသူတို့၏မျက်စိများသည် အောက်သို့ စိုက်လျက်ရှိပေသည်၊ ဂုဏ်ရည်သိမ်ဖျင်းမှုက ထိုသူတို့အား ဖုံးလွှမ်းလျက်ရှိပေမည်။ စင်စစ်သော်ကား ၎င်းတို့သည် ပကတိကျန်းမာစွာ ရှိနေကြစဉ်အခါ၌ "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းကို ခံခဲ့ကြရကုန်၏။
فَذَرْنِي وَمَنْ يُكَذِّبُ بِهَٰذَا الْحَدِيثِ ۖ سَنَسْتَدْرِجُهُمْ مِنْ حَيْثُ لَا يَعْلَمُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ဤသည့်အာယတ်တော်ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်သူတို့အား ငါအရှင်မြတ်နှင့်ပင် လွှတ်ထားပါလေ။ အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့မသိကြသော-နည်းဖြင့်၊ နေရာမှ၊ တဖြည်းဖြည်း ဆွဲချတော်မူမည်။
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏၊ ဧကန်မလွဲ ငါအရှင်မြတ်၏ အကြံအစည်သည် လွန်စွာခိုင်မြဲလှ၏။

Choose other languages: