Quran Apps in many lanuages:

Surah Al-Qalam Ayahs #38 Translated in Burmese

إِنَّ لِلْمُتَّقِينَ عِنْدَ رَبِّهِمْ جَنَّاتِ النَّعِيمِ
ဧကန်အမှန် "မွတ္တကီ"သူတော်စင်တို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်တွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော ဥယျာဉ်များ ရှိကြလေ၏။
أَفَنَجْعَلُ الْمُسْلِمِينَ كَالْمُجْرِمِينَ
သို့ဖြစ်ပေရာ အရှင်မြတ်သည် မွတ်စ်လင်မ်၊ အမိန့်နာခံသောသူတို့အား အမိန့်ကိုဖီဆန်သော သူတို့ကဲ့သို့ ပြုလုပ်တော်မူရပါမည်လော။
مَا لَكُمْ كَيْفَ تَحْكُمُونَ
အသင်တို့၌ မည်သို့သော အကြောင်းရှိသနည်း၊ အသင်တို့သည် မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။
أَمْ لَكُمْ كِتَابٌ فِيهِ تَدْرُسُونَ
အသင်တို့၌ ကျမ်းဂန်အစောင်စောင်ရှိနေ၍ အသင်တို့သည် ယင်းကျမ်းဂန်၌ ဖတ်ရှုသင်ကြား ကြလေသလော၊
إِنَّ لَكُمْ فِيهِ لَمَا تَخَيَّرُونَ
ယင်းကျမ်းဂန်၌ အသင်တို့ နှစ်သက်ကြသောအရာ လာရှိသလော၊

Choose other languages: