Quran Apps in many lanuages:

Surah Al-Qalam Ayahs #35 Translated in Burmese

قَالُوا يَا وَيْلَنَا إِنَّا كُنَّا طَاغِينَ
(ထို့နောက်) ၎င်းတို့(အားလုံးသည်) (ဤသို့)ပြောဆိုခဲ့ကြကုန်၏။ ဪ-ကျွန်ုပ်တို့ ဖြစ်ရလေခြင်း၊ ဧကန်အမှန် ကျွန်ုပ်တို့သည်ပင် ဆိုးသွမ်းသူများ ဖြစ်ခဲ့ကြကုန်၏။
عَسَىٰ رَبُّنَا أَنْ يُبْدِلَنَا خَيْرًا مِنْهَا إِنَّا إِلَىٰ رَبِّنَا رَاغِبُونَ
ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အား ယင်းဥယျာဉ်ထက် ကောင်းမြတ်သော ဥယျာဉ်ကို လဲလှယ်အစားပေးတော်မူတန်ရာ၏။စင်စစ်ဧကန် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ ပြန်လှည့်သူများ ဖြစ်ကြကုန်၏။
كَذَٰلِكَ الْعَذَابُ ۖ وَلَعَذَابُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ
ပြစ်ဒဏ်မှာ ထိုနည်းအတိုင်း ဖြစ်လေ့ဖြစ်ထရှိ၏။ "အာခိရတ်"တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပိုမို၍ပင် ကြီးလေးလှ၏။ (ဤသည်ကို) ၎င်းတို့ သိရှိကြလျှင် ကောင်းလေစွတကား။
إِنَّ لِلْمُتَّقِينَ عِنْدَ رَبِّهِمْ جَنَّاتِ النَّعِيمِ
ဧကန်အမှန် "မွတ္တကီ"သူတော်စင်တို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်တွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော ဥယျာဉ်များ ရှိကြလေ၏။
أَفَنَجْعَلُ الْمُسْلِمِينَ كَالْمُجْرِمِينَ
သို့ဖြစ်ပေရာ အရှင်မြတ်သည် မွတ်စ်လင်မ်၊ အမိန့်နာခံသောသူတို့အား အမိန့်ကိုဖီဆန်သော သူတို့ကဲ့သို့ ပြုလုပ်တော်မူရပါမည်လော။

Choose other languages: