Quran Apps in many lanuages:

Surah Al-Qalam Ayahs #28 Translated in Burmese

أَنْ لَا يَدْخُلَنَّهَا الْيَوْمَ عَلَيْكُمْ مِسْكِينٌ
အသင်တို့ထံ ယင်းဥယျာဉ်တွင် ယနေ့ သူဆင်းရဲ တစ်ဦးတစ်ယောက်မျှပင် ဝင်ရောက်ခြင်း မရှိရဟူ၍၊
وَغَدَوْا عَلَىٰ حَرْدٍ قَادِرِينَ
ထို့ပြင် ၎င်းတို့သည် (မိမိတို့ကိုယ်ကိုမိမိတို့) မပေးဘဲ နေနိုင်စွမ်းရှိကြမည်ဟု ထင်မှတ်လျက် စောစော သွားရောက်ခဲ့ကြလေ၏။
فَلَمَّا رَأَوْهَا قَالُوا إِنَّا لَضَالُّونَ
သို့ရာတွင် ၎င်းတို့သည် ယင်းဥယျာဉ်ကို မြင်တွေ့ကြလေသောအခါ (ဤသို့)ပြောဆိုကြလေ၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှားခဲ့ကြလေပြီ။
بَلْ نَحْنُ مَحْرُومُونَ
ထိုသို့ အလျင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် အကြောင်းမလှသူများ၊ လက်မဲ့ဖြစ်စေခြင်း ခံကြရသူများ၊ ဖြစ်ကြရလေပြီ။
قَالَ أَوْسَطُهُمْ أَلَمْ أَقُلْ لَكُمْ لَوْلَا تُسَبِّحُونَ
၎င်းတို့အနက် အလယ်အလတ်၊ အကောင်းဆုံး၊ဖြစ်သူက "ကျွန်ုပ် အသင်တို့အား (စောစောကပင် သတိပေးစကား) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု)အသင်တို့သည် မည်သည့်အတွက်ကြောင့် (အလ္လာဟ်အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုခြင်းမပြုကြပါသနည်း" ဟု ပြောဆိုခဲ့လေ၏။

Choose other languages: